သားဂျီကိုနှုတ်ဆက်ပြီးထယ်ငယ်တို့အိမ်ဘက်ကိုပဲလာလိုက်တော့တယ်။ဒီနေ့ ထယ်ငယ်တို့ဒယ်ဒီ၊ပတ်ဆောင်ရှင်းရဲ့မောင်က အလုပ်မသွားဘူးလို့ထယ်ငယ်ကပြောလို့ ဆောင်ရှင်းတစ်ယောက်
အိမ်ကိုပဲလာခဲ့သည်။ ထယ်ငယ်ကကျောင်းသွားပြီး သားဂျင်က အလုပ်သွားနေတာမို့ အိမ်မှာက ကင်မြောင်ဟီးတစ်ယောက်ထဲပင်။ ။ဆုံတုန်းဆုံခိုက်ငါတို့မောင်နှမနှစ်ယောက် စကားလေးဘာလေးပြော၊အပြင်လေးဘာလေးထွက်ဦးမှပါလေ....
ကင်မြောင်ဟီး...
ဖအေတူမအေကွဲမောင်လေးပေမယ့်မောင်အရင်းလေးလို့ချစ်ပါသည်။
လိူချင်တာကိုမရရအောင်ဘယ်နည်းနဲ့ပဲဖြစ်ဖြစ်ယူတတ်တာကလွဲရင် သူ့မောင်မြောင်ဟီးက
ရိုးသားပါသည်။ဖြူစင်ပါသည်။အမအပေါ်လဲသိတတ်ပါသည်။ ။ဒါသည်ပတ်ဆောင်ရှင်း၏တစ်ဖတ်သတ်အတွေးသာ....
။။။
"ကင်မြောင်ဟီး!!!!""Mrs.Jeon ....!"
အိမ်ထဲဝင်မည့်ပတ်မြောင်ရှင်း၏ခြေလှမ်းများဟာ အမည်နာမတွေကြောင့် ရပ်တန့်သွားသည်။
Mrs.Jeon?
Mrs.Jeonဆိုတာ Jeon companyရဲ့ CEO
မလား?သူနဲ့ငါ့မောင်မြောင်ဟီးနဲ့ကသိနေကြတာလား?....ဖြောင်း!!!!
ပူထွက်သွားသောကင်ေမြာင်ဟီးရဲ့ပါးတစ်ဖတ်ကြောင့်...
Mrs.Jeonကအခုငါ့ပါးကိုရိုက်လိုက်တာလား?
"ဒါကဘာလိုလုပ်ရက်လဲmrs.jeon?"
"ဘာလုပ်ရက်လဲဟုတ်လား?
ပါးရိုက်လိုက်တာလေ...ဘာလို့ရိုက်လိုက်လဲသိချင်လား?...ရှင့်ရဲ့ယုတ်မာမှုတွေကြောင့်လေ"သူဘာတွေပြောနေတာလဲ?
ဧကန္တ သူသိသွားတာလား?...
မဟုတ်ပါစေနဲ့...အဲ့လိုသိသွားတာမဖြစ်ပါစေနဲ့!"ဘာ...ဘာကိုဆိုလိုတာလဲ..?"
"သွေးရိုးသားရိုးသေတဲ့ကျမရဲ့ခင်ပွန်းနဲ့ကျမညီမကို ပတ်မိသားစုကသတ်တယ်ဆိုပြီးဖန်တီးထားတဲ့ရှင့်ရဲ့ ယုတ်မာမှုကိုဆိုလိုတာလေကင်မြောင်ဟီးရဲ့!!!"
ကင်မြောင်ဟီးရဲ့ဆုတောင်းတွေသည်မပြည့်ခဲ့ပါ
အိမ်အဝမှာရပ်နားထောင်နေသည့် ပတ်ဆောင်ရှင်းလဲ ထိတ်လန့်မှုအပြည့်နှင့်သာ..
YOU ARE READING
Too Close Love💔
FanfictionSome loves can not be seen if they are too close. For example, you do not see my love *တစ်ချို့အချစ်တွေကအရမ်းနီးကပ်လွန်းရင်မမြင်နိုင်ကြဘူး။ ဥပမာ-ငါ့အချစ်တွေကိုမင်းမမြင်သလိုပေါ့...* Start -Nov (27) 2021 End-