Part -25

958 85 13
                                    

ကောင်းကင်တွေနဲ့တူတဲ့ဘဝတွေကို
အရောင်ခြယ်ပစ်မယ်....
တိမ်တိုက်တွေလို
အပြစ်ကင်းချင်ယောင်ဆောင်တဲ့
လူတွေကို အလဲထိုးပစ်မယ်...

ပြီးရင်အရာရာကို
ခပ်ပေါ့ပေါ့တွေးပြီးရှင်သန်မယ်....။
ပျော်တယ်...ပျော်ရမယ်....။

ပင်ပန်းလဲပျော်အောင်နေရမယ်....
ငိုခဲ့ရတဲ့အချိန်တွေအတွက်
အစားထိုးယူရမှာက
ပေးဆပ်မှုတွေ.....။

ငါသေချာပေါက်ရှင်သန်ရမယ်....။
အရာအားလုံးငါ့စိတ်တိုင်းကျဖြစ်သွားပြီဆိုမှ

အင်း....အဲ့အချိန်ကျမှ.....။

Park Jimin 🌼

။။ ။။။ ။။

2 days later

"CEO Park ရှင့်..."

Company ကိုရောက်ပြီး အလုပ်တွေလုပ်နေတုန်း...အတွင်းရေမှူးမလေး၏ ခေါ်သံကြောင့် ဂျီမင်းသူမကိုခေါင်းတစ်ချက်ငြိမ့်ပြရင်း ကြည့်မိသည်....။

"Jung Group က CEO Jung ရောက်နေပါတယ်ရှင့်။ "

"ဝင်ခဲ့ခိုင်းလိုက်လေ..."

ပြတ်သားလှသောအသံသည်
တစ်ချိန်က ပတ်ဂျီမင်းနှင့် လားလားမျှမဆိုင်

"ဟုတ်ကဲ့ပါရှင့်။"

။။ ။။

"ဝင်ခွင့်ပြုပါ CEO Park Jimin shi...."

"အကိုကတော့နောက်ပြီ..."

ရုံးခန်းထဲကို ဝင်လာပြီးခပ်နောက်နောက်စကားစတဲ့ဟိုဆော့ကြောင့်ဂျီမင်းရီမိသည်...

"ပျောက်ချင်သားကောင်းနေလိုက်တာ..
အကို့တောင်လာ‌မတွေ့ဘူးနော်ညီက..."

"အာ..မဟုတ်တာ...ဒီအတိုင်း..."

"တစ်ခုခု အကြောင်းရှိလို့လား?.."

"မရှိပါဘူး...."

"ဟုတ်လို့လား? အခုရက်ပိုင်းမျက်နှာချောင်ကျသွားတယ်...မှန်းစမ်းနေမကောင်းဘူးလား?"

ဟိုဆော့၏ လက်သွယ်သွယ်က ဂျီမင်း၏ နှဖူးပေါ်သို့ စမ်းရန်ပြင်တော့

ဂျီမင်းမသိမသာရှောင်ဖယ်လိုက်ပြီး....

"မဟုတ်တာ...နေကောင်းပါတယ်..."

"ဆေးတွေရောပုံမှန်သောက်ရဲ့လား?.."

"သောက်တာပေါ့...သောက်မှဖြစ်မှာလေ...
ဟုတ်တယ်မလား?..."

Too Close Love💔Donde viven las historias. Descúbrelo ahora