part-23

1K 105 23
                                    

ထွက်ပြေးနေသောကျွန်တော့်၏ ခြေလှမ်းများသည် ထိုလူ၏ရှေ့သို့သာ တစ်ဟုန်ထိုးရောက်လာသည့်အခါ စိတ်အလျှင်သည်လဲ ဤလူသား၌သာ တည်ရှိနေလျှက်.....

Park Jimin☁️☁️☁️

။။။
"အဲ့ဒါနဲ့ပဲ ကားရှေ့ပြေးရပ်စရာလား
ဂျွန်ဂျောင်ကုရှီ...?
အကုန်သေကုန်တော့မှာပဲ!!!!"

"စိတ်ပူလို့လား Min...?"

"ထောင်ထဲရောက်မှာဆိုးလို့ပြောတာ...
စိတ်ကူးတွေသိပ်မယဉ်နေနဲ့.!"

"ဟုတ်ပါပြီ....
ပြောစရာလေးရှိလို့စောင့်နေတာ"

"ကျွန်တော်တို့ကြားမှာ
ဘာပြောစရာမှမရှိဘူး
ဂျွန်ဂျောင်ကုရှီ...
ကျွန်တော့်ကိုသွားခွင့်ပြုပါဦး."

ပြော‌ချင်တာပြောပြီးထွက်သွားတော့မယ့်
မင့်ရဲ့လက်ကိုဆွဲကာ...

"တောင်းပန်ပါတယ်....
တကယ်တောင်းပန်ပါတယ်။
မှားခဲ့တာတွေအတွက်
မင်‌ပေးတဲ့အပြစ်တွေကိုအကုန်ခံယူပါ့မယ်....
အဲ့လိုကြီးမစိမ်းကားပါနဲ့...
တကယ်တောင်းပန်ပါတယ်..."

နောက်ဆုံးအချိန်ထိ
မျှော်လင့်နေတဲ့စကားမဟုတ်ခဲ့ပြန်ဘူး ဂျွန်....

"ထပ်ပြီး ဒီစကားတွေပဲလား?
တောင်းပန်ပါတယ်ဆိုတဲ့
စကားတွေပဲပြောတတ်ကြတာလား?
အမှားတွေလုပ်ပြီးရင်လူတိုင်းပြောတတ်တဲ့စကားက အဲ့စကားပဲလား?
မတောင်းပန်နဲ့!!!
တောင်းပန်မယ့်အစား
သေသွားတဲ့သူကို
အသက်ပြန်ရှင်အောင်လုပ်ပေးလိုက်!!!! "

"ဒူးထောက်ဆိုလဲထောက်ပြီး
တောင်းပန်ပါ့မယ်။
တောင်းပန်ပါတယ်..."

ဆိုပြီး ဒူးထောက်ချလိုက်တဲ့ဂျွန်....

သိက္ခာတွေလား?
မရှိတော့ဘူး။ မင့်ကိုပဲအပိုင်ပေးလိုက်ပြီ....
အရှက်တရားတွေ?
ကုန်ပြီ....အားလုံးကမင့်စိတ်တိုင်းကျ....

အရာရာကိုမင့်ကိုအရှုံးပေးဖို့ဆုံးဖြတ်ထားပြီးသား....

တောင်ပန်ပါတယ်မင်...
ဒီစကားအပြင် ပြောစရာစကားမရှိတော့လို့ ...
ပြီးတော့...

ချစ်တယ်....

....
"သနားစရာကောင်းအောင်လာလုပ်မပြနဲ့
ဂျွန်ဂျောင်ကု...
မင်းတို့လုပ်ခဲ့တဲ့လုပ်ရက်က
ခွင့်လွှတ်နိုင်စရာအကြောင်းတစ်စက်ကလေးမှမရှိဘူး...
ဒူးထောက်ရုံနဲ့
ကျေအေးသွားမယ်လို့ထင်ရင်
ဆုံးရှုံးသွားတဲ့ငါ့အမေရဲ့အသက်က ပေါ့ပေါ့တန်တန်မဟုတ်ဘူး...."

Too Close Love💔Donde viven las historias. Descúbrelo ahora