part-32

1K 59 13
                                    

"Jimin...."

"Arr...Hoseok hyung..."

Company လဲမသွားချင်၍ သူ(ဂျီမင်း) အိမ်တွင်းအောင်းနေတာ သုံးရက်ရှိပြီ။
ဒီနေ့တော့ အကိုဟိုဆော့ကို အိမ်ကိုလာတွေ့သောကြောင့် သူ(ဟိုဆော့)နှင့်အတူ စကားအနည်းငယ်ပြောမိနေ၏။

"အဆင်ပြေရဲ့လား.."

"ဘာကိုလဲအကို"

"မင်ယွန်းဂီနဲ့ ကင်ထယ်ယောင်းတို့ရဲ့မင်္ဂလာပွဲကိစ္စ"

"သူတို့ရဲ့မင်္ဂလာပွဲကိစ္စဆိုရင်တော့ ကျွန်တော် ဘယ်လိုမှမခံစားရပါဘူး။ ပြဿနာစစဖြစ်ချင်းဆိုတော့ သွေးပူပြီးပြောမိပြောရာ ကလွဲ အားလုံးအဆင်ပြေပါတယ်."

"အင်း ကိုယ့်ကိုကိုယ်ဂရုစိုက်
ဆေးတွေပြန်သောက်နေရတယ်ဆို"

"ဒယ်ဒီပြောတာလား"

"အင်း ဆိုပါတော့"

"ဟုတ်တယ် ဒီရက်ပိုင်းအတွင်း ကိစ္စတွေအများကြီးဖြစ်သွားတာဆိုတော့ စိတ်ဖိစီးသွားတာနဲ့တူပါတယ်..."

"သေချာသောက်ဆေးကို...
ရောဂါကအရှင်းမပျောက်သေးတော့ ရောဂါပြန်ထလာရင် ဆေးနဲ့ထိန်းကုနေရတာကို သိတယ်မလား။ ကိုယ့်ကိုကိုယ်ဂရုစိုက်ပါညီရယ်..."

"ဂရုစိုက်ပါတယ် အကိုရာ..."

"ပြောတာပဲ..."

"ဟီးဟီး"

"မရယ်နဲ့အကောင်းပြောတာ။
ဆရာဝန်ပြောတာမှတ်မိတယ်မလား။
brain tumors က ခွဲစိတ်ပြီးပျောက်သွားတာမှန်ပေမယ့် နား‌ ရောဂါက အမြစ်‌ေပျာက်‌
အောင်ကုလို့မရဘူးဆိုတာကို...။
အသံကျယ်တွေလဲ သိပ်နားမထောင်နဲ့"

ဟုတ်ပါတယ်။ brain tumors ဆိုတဲ့ရောဂါကြီးကို သူ(ဂျီမင်း) ပျောက်အောင်ကုသနိုင်ခဲ့ပေမယ့် နားအူခြင်း (နားမူးခြင်း) ဆိုတဲ့ ရှားပါးရောဂါကိုတော့ ပျောက်အောင်မကုသနိုင်ခဲ့ပေ။
သူ နိုင်ငံခြားမှာဆေးသွားကုတုန်းက
ဆရာဝန်တွေပြောတာက
သူ့မှာ အသက်ရှင်ဖို့ ရာခိုင်နှုန်းနည်းတယ်ဆိုတဲ့စကားကိုပဲကြားခဲ့ရတယ်။
အကို့ရဲ့အားပေးမှုကြောင့် အားတင်းပြီး ရောဂါပျောက်အောင်ကုသခဲ့ရတဲ့ အချိန်တွေက မနေ့တနေ့ကလိုပါပဲ။
ခွဲစိတ်ကုသမှုအပြီး ၃လလောက်မေ့မြောနေခဲ့တဲ့ သူ့ဘေးနားရှိနေခဲ့ပေးခဲ့တဲ့သူက အကိုဟိုဆော့ပဲ။
သူ အကို့ကို စိတ်ရင်းနဲ့ကျေးဇူးတင်ပါတယ်။

You've reached the end of published parts.

⏰ Last updated: Feb 06, 2023 ⏰

Add this story to your Library to get notified about new parts!

Too Close Love💔Where stories live. Discover now