part-26

663 66 12
                                    

15.7.2022

Park group ရှယ်ယာရှင်အစည်းအဝေး၌

"Park Jimin shi....
အခု JEON group က
ပေါ့ဆမှုကြောင့်
ဖြစ်သွားတဲ့ ကိစ္စကို
သူတို့ဘက်က
ဘယ်လို တာဝန်ယူမှုမျိုးကို
လုပ်မယ်လို့ပြောပါသလဲ?"

"ဒီကိစ္စအတွက်ကျွန်တော် အားလုံး
Jeon group ကိုပြောပြီးပါပြီ...
သူတို့နဲ့ပရောဂျက်တွဲလုပ်မယ့်
ကိစ္စကိုလဲ
ဖျက်သိမ်းပြီးပါပြီ ..
အဲ့ကိစ္စအတွက်
လူကြီးမင်းတို့စိတ်မပူလဲရပါတယ်...."

"စိတ်မပူလို့တော့မရပါဘူး ပတ်ခ်ဂျီမင်းရှီ...
ဆုံးရှုံးသွားတဲ့တန်ဖိုးက
နည်းတာမှမဟုတ်တာ...
အခုလို ပစ်စလတ်ခက်လုပ်လို့မရပါဘူး...။jeon group ကို
အစအဆုံးတာဝန်ယူခိုင်းပေးပါ..."

"တန်ဖိုးတွေ‌၊လျော်ကြေးတွေကို
ပတ်ခ်ဂျီမင်းဆိုတဲ့ Park group ရဲ့
CEO ကျွန်တော်ကပဲ
တာဝန်ယူဖြေရှင်းပေးမှာမို့
စိတ်မပူလဲရပါတယ်....
အခုကိစ္စက Jeon group ရဲ့
ပေါ့ဆမှုဆိုပေမယ့်
ကျွန်တော်တို့ဘက်ကလဲ
ပေါ့ဆတာကြောင့် တာဝန်ယူပေးမှာပါ....
အဲ့အတွက် လူကြီးမင်းတို့က
ပြဿနာမလုပ်လဲရပါတယ်... "

"ဒါကတော့ဘယ်ဖြစ်လဲ...အခုကိစ္စ
Park group နဲ့အနေသာကြီးပါ...
ပရောဂျက်ကို Jeon group နဲ့
အပြီးအပ်လိုက်ပြီးကတည်းက
ဘာမှ သက်ဆောင်မှုမရှိတာလေ....။ ကျွန်တော်ကတော့
တာဝန်ယူမှုဆိုတာဘာလဲသိအောင်
Jeon group ကိုပြချင်တယ်....!"

"ကျွန်တော်လဲထောက်ခံပါတယ်!"

"ကျွန်မလဲထောက်ခံပါတယ်...."

ရှယ်ယာရှင်များကတစ်ယောက်တစ်ပေါက်ထောက်ခံကြသည်....။

လူတွေများ ပြဿနာမဟုတ်တာကို
အရမ်းပြဿနာလုပ်ချင်ကြတာပဲ.....!!

"ကျွန်တော့်ကို စဉ်းစားချိန်လေးပေးပါ...
ဒီကြားထဲ လူကြီးမင်းတို့က Jeon group ကိူ ဖိအားသွားမပေးကြပါသေးနဲ့ဦး...."

ပတ်ခ်ဂျီမင်းပြောလိုက်ခြင်းပင်...။
ရှယ်ယာရှင်တွေဘက်မှ တုံ့ပြန်ခြင်းမရှိ..

"ကဲ အဲ့ဒါဆို အစည်းအဝေးကို ဒီမှာ ရပ်ကြတာပေါ့..."

အစည်းအဝေးခန်းထဲမှ ရှယ်ယာရှင်တွေအသီးသီးထွက်သွားပြီးနောက် အခန်းထဲတွင်
ဂျီမင်းနှင့်လူတစ်ဦးသာကျန်ခဲ့သည်...

Too Close Love💔Donde viven las historias. Descúbrelo ahora