💔

600 77 13
                                    

..အဖြူရောင်ကျူးလစ်‌ပန်းတွေလို
မင်းက
အခုတော့
ဆူးတွေအပြည့်နဲ့
နှင်းဆီ ဖြစ်နေပါ့လား......။

ဆူးတွေ....
အင်း ....
သိပ်ကိုလှတဲ့ဆူးတွေ....

မင်းရဲ့ အပြုအမူတွေ ကြားမှာ

“ကိုယ်ကတော့ ဆူး‌ စူးနေမိပြီထင်ပါရဲ့....”

Jeon Jungkook ။           ။  

......

"ဘာ!!!!!"

"တောင်းပန်ပါတယ် CEO Jeon...
ကျမသေချာသိမ်းထားပေမယ့်
အဲ့ဒါက
ဘယ်လို ပျောက်သွားမှန်းမသိပါဘူး
တောင်းပန်ပါတယ်!..."

"အဲ့လိုတောင်းပန်ရုံနဲ့ပြီးရောလား?
အဲ့စာရွက်စာတမ်းက ဘယ်လောက်အရေးကြီးလဲ‌ဆိုတာ မသိဘူးလား?!!!
ဘာလို့အဲ့လောက်တောင်ပေါ့လျော့ရတာလဲ?!!!"

"တောင်းပန်ပါတယ် ဆိုတဲ့
စကားအပြင်ပိုပြီး
ပြောစရာမရှိတော့ပါဘူး။
တာဝန်ယူတဲ့အနေနဲ့
အလုပ်ကထွက်ဆိုလဲ ထွက်ပေးပါ့မယ်..!"

"အဓိပ္ပာယ်မရှိတာ!!!!
အဲ့ဒါကတာဝန်ယူတာလား!!!!
အဲ့စာရွက်စာတမ်းတွေက
Park Company နဲ့
ပရောဂျက်လုပ်ဖို့ချုပ်ထားတဲ့ စာရွက်စာတမ်းတွေ
အဲ့ဒါတွေသာမရှိရင်
တရားဆွဲလို့ရနိုင်တယ်ဆိုတာ
တကယ်မသိတာလား!!!!!
မသိလို့အဲ့ဒါတွေပြောနေတာလား အတွင်းရေးမှူးဟန်!!!!"

"တကယ်...
တကယ်တောင်းပန်ပါတယ် CEO Jeon......"

"ထွက်သွားတော့
ငါ့မျက်စိရှေ့ကိုပေါ်မလာနဲ့တော့!!!!!"

"......"

ကိုယ်ဘယ်လိုလုပ်ရမလဲ မင်ရယ်....
ကိုယ်သိပ်ပင်ပန်းတယ်....။
ဒီလိုကြိုးစားနေနေရတာကြီးကို
မလိုချင်တော့ဘူး....။

ရှေ့ဆက် ကိုယ်ဘယ်လိုလုပ်ရပါ့မလဲမင်.....

။။        ။။

"အဲ့တော့......"

"တောင်းပန်ပါတယ်
ကျွန်တော့်ဝန်ထမ်းပေါ့လျော့မှုကြောင့်
အခုလိုတွေ ဖြစ်ကုန်ရတာမို့...."

"အဲ့ဒါတော့ CEO Jeon Jungkook shi တို့အပိုင်းလေ။
ကျွန်တော်တို့က ဒီ‌လိုပေါ့ဆမှုကြောင့် ရှေ့ဆက်
ဘယ်လိုလုပ်
CEO Jeon Jungkook shi တို့ကိုယုံကြည်လို့ရပါ့ဦးမလဲ?....။
ပရောဂျက်ကိစ္စကတော့
မဖြစ်နိုင်တော့ဘူးထင်တယ်။
ရင်နှီးမြုပ်နှံမှုတွေကို
ပြန်စဉ်းစားဦးမယ်
နောက်ဆို ဒီလိုပေါ့ဆမှုတွေက
အရမ်းထိခိုက်လာနိုင်တယ်..."

Too Close Love💔Where stories live. Discover now