part -27

677 67 6
                                    

Min Yoongi အိမ်ပြန်ရောက်သော်
ဧည့်ခန်းထဲမှာ အရက်ထိုင်သောက်နေတဲ့
ဂျောင်ကုကိုတွေ့သည်......

ခပ်ဆွေးဆွေးအရက်ထိုင်သောက်နေတဲ့
ဂျောင်ကုက အိမ်ထဲဝင်လာတဲ့
မင်ယွန်းဂီအားမြင်တော့...

သူ့လက်မှာကိုင်ထားသည့်
အရက်ခွက်အားကြမ်းပြင်ပေါ်သို့
ပေါက်ခွဲလိုက်သည်။

ခွမ်း!...

"ဂျောင်ကု!"

"....."

"တော်တော့ မင်းအရက်တွေ
စွတ်သောက်မနေနဲ့..!"

"ဘာလဲဗျာ...!! ကိုယ့်ဘာသာကိုယ်
သောက်တာ ဘာဖြစ်လဲ သွားစမ်းပါ!"

"ဂျွန်ဂျောင်ကု! ငါပြောနေတယ်လေ !
ငါကမင်းအကို!ငါပြောတာနားထောင်စမ်း!"

"သွားစမ်း!!!ဘာအကိုလဲ?
အကို အကို ဆိုပြီး ဂျီမင်းကို
ကျုပ်ဆီက ဆွဲထုတ်ဖို့ကြိုးစားနေတာ
မသိဘူးထင်နေလား?!!"

"ဂျွန်ဂျောင်ကု!!"

"သွား!!!ကျုပ်နားမလာကြနဲ့!!!
သေအောင်သောက်မှာ!!"

"ဂျွန်ဂျောင်ကု!!ငါပြောနေတယ်
တော်တော့‌လို့!!!"

"ခင်ဗျားနဲ့ဘာဆိုင်လဲ!!!!"

"ဘာ ? ခင်ဗျား ဟုတ်လား?
မင်းအခုငါ့ကို ဘယ်လိုလေသံနဲ့
ပြောနေတာလဲဂျွန်ဂျောင်ကု!!"

"ဘာလိုလေသံနဲ့ပြောရမလဲ?
ကိုယ့်ချစ်သူတစ်ယောက်လုံးကို
လုဖို့ကြိုးစားနေတဲ့ လူတစ်ယောက်ကို ခခယယပြောရမလား?"

"ကိုယ့်ချစ်သူ? ဟဟ...ဟုတ်လို့လား
ဂျွန်ဂျောင်ကုရယ်...မင်းဂျီမင်းကိုပိုင်လို့လား?
ချစ်သူဆိုပြီးခေါင်းစဉ်တပ်လို့ရလို့လား
ဟိုကဖြင့်မင်းကို ခေါင်းထဲထည့်လို့လား?"

"မင်ယွန်းဂီ!!!!"

ခွပ်! ခွပ်!

စိတ်တိုတိုနှင့် မင်ယွန်းဂီရဲ့
မျက်နှာအား ဂျောင်ကုထိုးမိလိုက်သည်...

အကိုတွေဘာတွေမသိတော့....

မင်ယွန်းဂီသည်ဂျောင်ကု၏
လက်သီးချက်များအား မတုံ့ပြန်ပေ....။

ထို့ပြင်ရီ၍သာနေ၏...။

"ဟက်...အနာပေါ်တုတ်ကျတယ်ဆိုတာ
ဒါပါလားဂျွန်ဂျောင်ကုရယ်...
ငါဖြင့် အခုမှမြင်ဖူးတော့တယ်....။
အမှန်တရားပြောတော့
နာတတ်ကြတာပါလား?...."

Too Close Love💔Tempat cerita menjadi hidup. Temukan sekarang