"သားဂျီ...."
"မာမီ...."
"သားဂျီလေး။..."
"အင့်...လွမ်းနေခဲ့တာမာမီ..."
၁၉နှစ်ကြာမှပြန်တွေ့ခဲ့ပေမယ့် ဘယ်လောက်မှအချစ်မခံလိုက်ရဘဲလောကကြီးထဲကနေထွက်သွာစခဲ့သောမာမီ့ကိုပြန်တွေ့လိုက်ရသောကြောင့် မာမီ့ရင်ခွင်ထဲကိုတိုးဝင်ကာလွမ်းကြောင်းပြောခဲ့သူက ပတ်ဂျီမင်းရယ်ပါ။...
"သားဂျီလွမ်းသလိုမာမီလဲလွမ်းနေခဲ့တာပါ။"
"လွမ်းတယ်ဆိုပြီးဘာလို့ထွက်သွားရတာလဲမာမီ.."
"....."
ဒီတစ်ခါတော့မာမီကအဖြေပြန်မပေးခဲ့ပါ...
"ပင်ပန်းနေတာလားသားဂျီ။"
"ပင်ပန်းတယ်မာမီ။အရမ်းပဲ...ဒါပေမယ့်မာမီကနှစ်သိမ့်ပေးရင်ပင်ပန်းတာတွေယူပစ်သလိုပျောက်သွားမယ်ထင်တယ်..."
အိမ်မက်ဆိုပေမယ့်မာမီ့ကိုချွဲချင်တာ....
"အိုက်ဂူးးး အချွဲလေးပဲသားဂျီက...."
ကျောကုန်းလေးအားပုတ်ပေးကာသားဂျီကိုပြောနေတဲ့မာမီက အနည်းငယ်ကြာတော့တစ်ရိပ်ရိပ်ပျောက်ကွယ်သွားသလို အိမ်မက်ငယ်လေးကနေပတ်ဂျီမင်းလဲနိုးထလာခဲ့တယ်....
မာမီ.....
အိမ်မက်ပေမယ့်မာမီ့ရဲ့ရင်ခွင်လေးကသားဂျီအတွက်နွေးထွေးနေတုန်းပဲ....
ချစ်တယ်မာမီ...
သားလဲတစ်ချိန်ကျရင်မာမီ့ဆီလာခဲ့မှာပါ...
စောင့်နေနော်မာမီ...။။။
"သားဂျီ..မနက်အစောကြီးမျက်နှာလေးကကြည်လို့ပါလား?ဘာတွေစိတ်ချမ်းသာစရာတွေရှိနေလို့လဲ..."
မနက်စာစားဖို့အိမ်အောင်ဆင်းလာတော့မနက်စာဝိုင်းမှာထိုင်နေတဲ့ဒယ်ဒီကမေးသည်...
"မာမီ့ကိုအိမ်မက်မက်လို့ပါဒယ်ဒီ..."
"အော်...."
"မာမီကအရင်တိုင်းပဲသိလားဒယ်ဒီ။"
"အင်း..."
"......."
"သားဂျီ..."
"ဗျာ့။"
"မာမီ့အတွက်သားဂျီခံစားနေရတာတွေဒယ်ဒီနားလည်တယ်။ဒါပေမယ့်အမုန်းတရားတွေကသားဂျီ
ကိုလောင်မြိုက်တာမျိုးဒယ်ဒီမမြင်ချင်ဘူး။"
YOU ARE READING
Too Close Love💔
FanfictionSome loves can not be seen if they are too close. For example, you do not see my love *တစ်ချို့အချစ်တွေကအရမ်းနီးကပ်လွန်းရင်မမြင်နိုင်ကြဘူး။ ဥပမာ-ငါ့အချစ်တွေကိုမင်းမမြင်သလိုပေါ့...* Start -Nov (27) 2021 End-