part -29

512 65 6
                                    

"သားဂျွန်...."

"ပြောပါ...ယွန်းဂီဟျောင်းက
ဘယ်သူနဲ့လက်ထပ်မှာလဲ...?"

"ဂျီမင်းနဲ့...."

"ယွန်းဂီ တိတ်တိတ်နေစမ်း
အန်တီခွင့်မပြုဘူး..."

"ကျွန်တော်က
ခွင့်တောင်းနေတာမဟုတ်ပါဘူး
အသိပေးနေတာပါ...
မင်္ဂလာပွဲက မဖြစ်ဖြစ်တဲ့နည်းနဲ့
မရရအောင်လုပ်မှာပါ..."

"ဘာကြောင့်လဲ....
ဘာကြောင့်လက်ထပ်မှာလဲ
ဟျောင်းတို့က..."

"ချစ်လို့ပါ ဂျွန်ဂျောင်ကုရယ်...
တခြားဘာရှိဦးမှာလဲ..."

"မဖြစ်နိုင်တာ..."

"ဘာလို့မဖြစ်နိုင်တာလဲ?"

"မင်လေး ပါးစပ်ကပြောတာလား
ချစ်တယ်ဆိုတဲ့စကားကို...."

"သေချာတာပေါ့....."

မျက်နှာထားကို တည်တံ့မော်ချီစွာ
ပြောလာတဲ့ မင်ယွန်းဂီသည်
သူ(ဂျောင်ကု)နဲ့
ဘာသွေးသားတော်စပ်မှုမှမရှိလျှင်
ပိတ်ထိုးပစ်ချင်စရာအတိ....။

မနာလိုလိုက်တာများ......။

"ကျွန်တော်လက်မခံဘူး..."

"ငါပြောပြီးပြီ ဂျွန်ဂျောင်ကု
ငါခွင့်တောင်းနေတာမဟုတ်ဘူး
မင်းတို့သားအမိကိုအသိပေးနေတာ...."

"ယွန်းဂီ....တူလေး..."

"တောင်းပန်ပါတယ်အန်တီ....
ကျွန်တော့်ရဲ့ပျော်ရွှင်မှုကိုမပိတ်ပင်ပါနဲ့...."

"......."

.........။

"ယောင်း....."

"အင်း ယောင်းငယ်ပါဗျာ...."

အိမ်ကနေ စိတ်ရှုပ်စွာထွက်လာတဲ့
မင်ယွန်းဂီတစ်ယောက်လမ်းတစ်ဝက်မှာ အညိုရောင်လုံးလေးနှင့်ဆုံ၏.....။

ပြောစရာတွေရှိနေပုံရတဲ့ယောင်းက
သူ့ကို စကားပြောဖို့ ခေါ်လာသည်.....။

မင်ယွန်းဂီသည်
ကင်‌ထယ်ယောင်း၏
ကားပေါ်သို့
စကားပြောရန်လိုက်လာခဲ့မိသည်။

"ပြောစရာတွေရှိနေပုံပဲယောင်း...."

"အင်း...အများကြီးပဲပြောစရာတွေမှ...."

"ပြောပါဦး....."

"လက်ထပ်တော့မယ်ဆို....."

"အင်း ဟုတ်တယ်...."

Too Close Love💔Tempat cerita menjadi hidup. Temukan sekarang