အဆင့်မြင့်အိမ်ယာခြံကိုကျော်တော့ Taxiတွေကိုတွေ့တယ်..ဘယ်ကိုသွားရမလဲမသိလို့ငါ ကားမတားဖြစ်ဘူး..လမ်းမီးအလင်းရောင်ကိုအားပြုပြီးခြေဦးတည့်ရာလျောက်သွားမိတယ်.
.လမ်းချိုးထဲကအမူးသမားကထွက်လာပြီးငါ့ကိုအမှောင်ထုထဲဆွဲသွားတယ်..ငါခဏကြောင်နေရင်း..အမှောင်ထဲကလူအုပ်ကိုတွေ့မှငါရုန်းရမှန်းသိတယ်..ငါအတင်းရုန်းပြီးအဲ့လူကိုစောင့်
တွန်းပြီး...ထွက်ပြေးတယ်..လက်ထဲကအိပ်ကလေးတောင်ဘယ်နားနေမှန်းမသိဘူး...တော်သေးတယ် ပတ်စပို့တွေမှတ်ပုံတင်တွေရယ် ငွေ တစ်သိန်းကိုအိပ်ထောင်ထဲထည့်ထားမိလို့တော်သေးတယ်"ကောင်လေး..ဘယ်သွားမလဲ..ဘယ်ကိုပို့ပေးရမလဲ''
ဦးလေးကြီးအသံကြားမှ ''. သုခရိပ်မြုံ အိမ်ကိုမောင်းပေး'' ပြေးကြည့်မှ ဒီမေမေကြီးတို့ဆီဘဲရှိတယ်''
စံအိမ်ထဲဝင်ဝင်ခြင်းမေမေကြီးအသံကစီးကြိုတယ်
"စဝ်သောငယ်..နောက်ခါဒီစံအိမ်တော်ကလူတွေနဲ့လုံးဝမပတ်သတ်နဲ့တော့..ဒီညတော့ဒီမှာဘဲနားလိုက်..မနက်မိုးမလင်းခင်..မင်းကိုမတွေ့ချင်ဘူး''မေမေကြီးရဲ့ခပ်တင်းတင်းမျက်နှာက..မောင်နဲ့သိပ်တူတယ်..ဒီလောင်ထိပြောခံနေရတာတောင်..မောင့်ကိုစိတ်မနာနိုင်သေးဘူး..မောင့်မေမေကိုမြင်မှ..ငါ့မောင့်ကိုပိုပိုပြီးလွမ်းလာတယ်...
"အိမ်တော်ရဲ့အောက်ထပ် ဧည့်ခန်းထဲငါဝင်လိုက်တယ်..ငါတကယ်ပင်ပန်းနေပြီမောင်''
မျက်လုံးမပိတ်ခင်အသံတိုးတိုးကြားရတာက"မနက်ဖြန်ဒီအခန်းကပစ္စည်းတွေအသစ်လဲလိုက် သမီးမဒီမွေးရက်နီးရင်ဒီမှာခေါ်ထားမှာမို့အဆင်သင့်ဖြစ်ပါစေ..အကောင်းဆုံးတွေနဲ့ပြင်ထား'' ခါတိုင်းအသံလုံတဲ့အခန်းက မေမေကြီးအသံကိုကြားရတာဘာလို့လဲဆိုပြီးမစဥ်းစားဖြစ်တော့ဘူး...ခဏအနားယူပြီး အမြန်ထရမယ်လေ..သောငယ်အားတင်းထားရမယ်...ကိုယ့်ကိုယ်ကိုယ်အားတင်းရင်းအိပ်စက်ခြင်းဆီတို့
အမြဲသတိနဲ့အိပ်တက်တဲ့ငါကမနက်၃နာရီမှာနိုးတယ်..မဒီမွေးနေ့တွက် ပြင်ဆင်နေတာတဲ့ အိမ်အကူရဲ့တီးတိုးသံကိုငါကြားလိုက်တယ်..ယူစရာပစ္စည်းမရှိတော့ဒီတိုင်းအဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ထွက်လာလိုက်တယ်
YOU ARE READING
ခါတော်မှီ.. အမာတော်ပါးလှည့်ပါ(complete)
Romanceအချိန်မတိုင်ခင်..ခင်ဗျားကိုကျွန်တော်သိပ်ချစ်တဲ့အကြောင်းလက်တွေ့ပြပါ့မယ်...အချိန်နှောင်းသွားရင်တော့.... Drစဝ်သောငယ် အချိန်တွေနှောင်းကုန်ပြီဆိုတာကိုယ်သိပေမဲ့ ငယ့်ကိုချစ်မိတဲ့အကြောင်းကိုတော့ဘယ်ချိန်ဖြစ်ဖြစ် မောင် ေကြိုးစားချင်ပါသေးတယ်...ကြိုးတွေထုံးနေ...