(အတိတ်)
အဟွတ်...အဟွတ်.....
မောင်...ချောင်းခြောက်တွေဆိုးနေရောဘဲ..ဘာတွေစားသလဲ..
ရော့...ရေကြပ်အေးလေးနဲ့ ချောင်းဆိုးပျောက်ဆေးလေးသောက်....သောငယ်..အဟွတ်..ငါ..အချိုတွေမကြိုက်ဘူး..ဆို
အင်း..ငါသိတယ်မောင်..အချိုမကြိုက်ဘူးဆိုပေမဲ့..သောက်နိုင်စားနိုင်သေးတယ်..အခါးဆိုမောင်အနံ့တောင်မခံနိုင်ဘူးမလား...အဲ့ကြောင့်ဒီချောင်းဆိုးပျောက်ပူရှိန်း ရေလေးသောက်...
ငါမကြိုက်..အဟွတ်..ဘူးဆို....
အင်း...ငါသိတယ်..သိတယ်..နောက်...မောင့်ကိုမသောက်ခိုင်းတော့ဘူးနော်....
အင်း....မောင်ဟာလေ..တကယ့်..ကလေးလေးလိုဘဲ..ချစ်ဖို့ကောင်းတယ်..ပြီးတော့..မာယာသိပ်များတယ်
အချိုမကြိုက်တဲ့မောင်က..သူမနဲ့အတူ ချောကလက် တွေအပြိုင်စားပြီး ပျော်ပါးခဲ့တုန်းကရော..မောင့်မာယာဟာ..ငါ့အပေါ်ဘဲပြုစားတယ်ထင်ပါ့
မောင်ဟာ..သစ်တောနဲ့သိပ်တူတယ်..သစ်တောလိုဘဲမောင်ကလဲမူယာမာယာများတယ်..ဒီနေ့သစ်ရွက်တွေကြွေချင်ကြွေမယ်..ဝေချင်ဝေမယ်..ကျေးငှက်တွေပျော်မြူးချင်မြူးနေမယ်...ကောင်းကင်မှာမိုးတွေရွာနေပေမဲ့ အဲ့ဒီသစ်တောမှာတော့ မီးမြိုက်ရင်မြိုက်နေမယ်.. ..တကယ့်ကိုဝရုန်းသုံးကားဘဲ....
မနေ့ကနဲ့မဆိုင်နောက်နေ့တွေမှာတော့ စိမ်းဆိုလှပ တီကျူးနေမယ်.....မောင့်အနီးရပ်ဝန်းက.သိပ်ကိုခန့်မှန်းဖို့ခက်တယ်အငြိုးတွေကျေဖို့မောင်ကဆုတောင်းတယ်
ငါကတော့ရှင်းပါတယ်..
ညိုးသွားတဲ့ပန်းပွင့်တွေက ဘယ်တုန်းကပြန်လန်းဖူးသလဲမောင်
ငါကမောင်ချနှင်းခဲ့လို့ကြေမွဖူးတဲ့ ပန်း
မောင့်ကြောင့်ဘဲစောစောညိုးနွမ်းတယ်
မောင့်ကြောင့်ဘဲနင်းချေခံရတယ်
ဘယ်လမ်းကနေ ငါကပန်းဝင်ရ
မလဲမောင်
အစောကတည်းက..မောင်ဘဲငါရဲ့ပန်းတိုင်ကိုတည့်မှတ်ပေးပြီး
မောင်ဘဲငါ့ရဲ့လမ်းကို ချိုးဖောက်ခဲ့တယ်မလားမောင်အရာရာမောင်စီစဥ်ညွန်ကြားပြီ မောင့်ဘဲဒီဇာတ်လမ်းကိုရေးဆွဲခဲ့သူလေ..ငါကတော့မောင့်ဘဝရဲ့ဖြတ်လျောက်သာသာဘဲလေ..
အခုမှ ငါက အငြိုးထားတယ်ဖြစ်ရသေးတယ်
YOU ARE READING
ခါတော်မှီ.. အမာတော်ပါးလှည့်ပါ(complete)
Romanceအချိန်မတိုင်ခင်..ခင်ဗျားကိုကျွန်တော်သိပ်ချစ်တဲ့အကြောင်းလက်တွေ့ပြပါ့မယ်...အချိန်နှောင်းသွားရင်တော့.... Drစဝ်သောငယ် အချိန်တွေနှောင်းကုန်ပြီဆိုတာကိုယ်သိပေမဲ့ ငယ့်ကိုချစ်မိတဲ့အကြောင်းကိုတော့ဘယ်ချိန်ဖြစ်ဖြစ် မောင် ေကြိုးစားချင်ပါသေးတယ်...ကြိုးတွေထုံးနေ...