လွန်ခဲ့တဲ့၄နှစ်က
ကူညီပေးခဲ့ဖူးတဲ့ကိုကြီးစိုင်းမင်းဟန် က
.. အကို့ကြီးမစောက်ရှောက်လိုက်ရတဲ့အသက်၁၄နှစ်မှာဆုံးပါးခဲ့ရတဲ့ညီလေးနဲ့သိပ်တူလို့ ညီလေးလိုစောက်ရှောက်ပေးတယ်..သောငယ်ကအားနာလို့အကူညီမယူဘူးဆိုတော့ ညီလေးကုသိုလ်ရအောင်ဒါနပြုတာပါတဲ့လေ. ကိုကြီးကသဘောလဲကောင်းသလို အိမ်ထောင်သည်ဘဝမှာလဲကံကောင်းတယ် ကိုကြီးယူထားတဲ့အကိုက ထိုင်းဗမာကပြားလေး သုံသုံတဲ့ ဖြူဖြူချောချောလေး ဟင်းချက်လဲတော်သလို စိတ်ထားလဲလှတဲ့သူပျော်ရွင်စရာ ကြီးဘဲ. သုံသုံနဲ့ကိုကြီးက မိုချီ လေးကို အမွေစားအမွေခံအဖြစ် ေမွးစားတယ်
. သောငယ်တို့အိမ်ပြောင်းတဲ့နေ့ကဆို သုံသုံငိုလို့..မနည်းချော့ရတယ်. သားလေးကိုသူနဲ့မခွဲပါနဲ့တဲ့လေ...အားတွေလဲနာပြီးရင်းနာပါဘဲ...သုံသုံလက်ထဲကိုမွေးစထဲကခုချိန်ထိ ကျွေးမွေးထားတာဆိုတော့ အတော်ချစ်ရှာတယ်. ဒါနဲ့ ဘဲpre school ပိတ်ရက်ကျညလာအိပ်ပါ့မယ်ဆို့ပီးကတိပေးလိုက်ရတယ်..အမှန်က မိုချီကိုနေ့လည်ထဲကပို့ထားမှာ
စိတ်မချစရာမရှိပေနဲ့သားလေးနဲ့မခွဲနိုင်ဘူးသောငယ်က
pre school ကတစ်ပတ်မှာ၄ရက်ဖွင့်တယ် ကျန်၃ရက်က ဘာသာစကားတက်မဲ့ကလေးတွေတွက် ဆက်ဖွင့်တယ်...မိုချီ လေးမွေးကတည်း
က ကိုကြီးရယ်သုံသုံရယ်က ထိုင်း တရုတ် ဗမာ သုံးမျိုးသင်ပေးတယ် မိခင်ဘာသာစကား english ကိုတော့ အသုံးများတယ် မိုချီကမောင်နဲ့တူလို့ထက်တယ် သင်လွယ် တက်လွယ်တယ်.ဒါကြောင့်သီးသန့်သင်စရာမလိုဘူး.သောငယ် ဂျပန်ပန်းထိုးသင်တန်းကိုonlineကနေတက်မှာမို့ အချိန်ပိုင်း ဆရာမခေါ်ပြီးဘာသာစကားအရင်သင်ဖြစ်တော့ ဒါလဲသားကနားထောင်ပြီး ခုဆိုသူ့ထက်ပိုတက်နေပြီ . ဒီညဏ်လေးက မောင့်ဆီကအမွေရတယ်ထင်တယ်..မိုချီလေးကိုကောင်းချီးမှန်းသမျှ ရစေချင်တယ် သင်ယူစေချင်တယ်..ဒါက သောငယ်ဆန္ဒလေးတစ်ခုကိုကြီး တို့အတွဲကိုကြည့်ပြီးသောငယ်အားကျမိတယ်..တချို့အရာတွေက အဖိုးအခ သိပ်ကြီးတယ်မလား..ဒါ့ကြောင့်သောငယ်သိပ်မမျှော်လင့်ချင်တော့ဘူး..တောင်းတဲ့ဆုတာပြည့်ကြေးဆိုရင်..လူတိုင်းဘာမှမလုပ်ဘဲဆုတောင်းနေကြမှာပေါ့..ဘုရားရှင်တောင်ဟောကြားခဲ့သေးတယ်..''ကံ..ကံ၏အကျိုး''.ပြုသူကအသစ်ခံရသူကအဟောင်း'
သောငယ်ဟိုဘဝကချစ်သူတွေကိုခွဲခဲ့ဖူးတယ်ထင်ပါ့..ဘယ်လိုဘဲဖြစ်ဖြစ် မောင့်ကိုတော့ သောငယ်ကိုပြုခဲ့သလို မောင့်ကိုတော့ အကျိုးအပြစ် မဖြစ်စေချင်ဘူး..မောင့်ဘဝလေးကိုချစ်ရသူနဲ့ပျော်ရွင်စေချင်တယ်..မောင်ချစ်ရတဲ့မောင်တောင့်တခဲ့တဲ့ကလေးလေးနဲ့ပျော်စေချင်တယ်...မောင်ပျော်နေမယ်မလား...ဟင်..မောင့်ကိုလွမ်းတယ်...အညိုရောင်နေကြာတွေကိုသောငယ်ရေဖြန်းရင်း..chocolate sunflowersက opportunity (အခွင့်အရေး)တဲ့မောင်... သောငယ်တွက်အခွင့်အရေးရှိမယ်ဆိုရင် မောင့်ကိုချစ်တဲ့အကြောင်းတွေကိုပြောပြချင်သေးတယ်
YOU ARE READING
ခါတော်မှီ.. အမာတော်ပါးလှည့်ပါ(complete)
Romanceအချိန်မတိုင်ခင်..ခင်ဗျားကိုကျွန်တော်သိပ်ချစ်တဲ့အကြောင်းလက်တွေ့ပြပါ့မယ်...အချိန်နှောင်းသွားရင်တော့.... Drစဝ်သောငယ် အချိန်တွေနှောင်းကုန်ပြီဆိုတာကိုယ်သိပေမဲ့ ငယ့်ကိုချစ်မိတဲ့အကြောင်းကိုတော့ဘယ်ချိန်ဖြစ်ဖြစ် မောင် ေကြိုးစားချင်ပါသေးတယ်...ကြိုးတွေထုံးနေ...