မင်းပြော

181 11 0
                                    

ငယ်...ကိုယ်တို့အဆင်ပြေကြရအောင်..

ဒါဟာ..မောင်ကသူ့ကိုဒီမနက်မှ တည်တည်ငြိမ်ငြိမ်နဲ့လာပြီးဖွင့်ပြောတာဖြစ်တယ်

မောင်ကိုချစ်သေးတယ်မလားငယ်...မောင့်ကိုအခွင့်အရေးလေးပေးစေချင်တယ်..မောင်လေ..မောင်ရယ်ငယ်ရယ် သားနဲ့မိသားစုဘဝလေးနေချင်တယ်
မောင်..ငယ့်ကိုလွမ်းတယ်..အခုလိုမြင်နေရရင်တောင်ဝေးနေတဲ့ခံစားချက်ကြီးကိုခံစားရတယ်..မောင်...မောင်ကြောက်တယ်..ငယ်နဲ့ဝေးရမှာကြောက်တယ်..နောက်တစ်ခါ..ငယ်သာ.မောင့်အရှေ့မှာမရှိတော့ရင်..မောင်ဒီတစ်ခါရူးလိမ့်မယ်..မဟုတ်ဘူး.. ဒီတစ်ခါ တကယ်ရူးမှာ...

ငယ်...မောင့်ကိုချစ်သေးရဲ့လား

ဒီမှာ.....ကျွန်တော်ပြောမယ်...ေသချာနားထောင်ပေး

ခင်ဗျား... သိပ်ကိုပျော်နေတယ်ဆိုပြီး ကျတော့် ရဲ့ဒဏ်ရာတွေကို
လှောင်​ရယ်ခဲ့တာလဲခင်ဗျားဘဲ

ငါ့မိသားစုနဲ့ငါနေတော့မှာမို့ ဆိုပြီးကျွန်တော့ကိုစွန့်လွတ်လိုက်တာလဲခင်ဗျားဘဲ

ပြီး​​တော့......ဘာတဲ့.....ခင်ဗျားချစ်တဲ့အမျိုးသမီးကဒီအိမ်မှာနေမှာမို့...အခုချက်ချင်း အိမ်ပေါ်ကဆင်းပေးလို့ခွေးလိုမှောင်းထုတ်ခဲ့တာလဲခင်ဗျားဘဲ

မောင်..ကျတော့်မှာ..မောင်ဘဲရှိတာမို့..မစွန့်ပစ်ပါနဲ့လို့တောင်းပန်တာတောင်...ခင်ဗျားက.............

ကျွန်တော်နာကျင်ခဲ့ရတာက..တစ်ရက်မဟုတ်ဘူး....တခဏမဟုတ်ဘူး.....မပြောချင်တော့ဘူး ထပ်ပြီး....ထားလိုက်ရအောင်..ပြီးသွားပြီ.....ကျွန်တော့ကိုနည်းနည်းအားနာရင်..မလာပါနဲ့ဒီကို.......

မောင်ရှင်းပြမယ်...ဖြစ်ခဲ့သမျှကမောင့်ကိုမယ်မယ်နဲ့ပေါင်းပြီးညာလို့ဖြစ်သွားတာပါ...အခုသူတို့မရှိတော့ဘူး.....အားလုံးငြိမ်းချမ်းသွားပြီ...မောင်တို့မိသားစုအစစ်ဘဲရှိတော့တယ်....

လက်ခုပ်ကနှစ်ဖက်တီးမှမှီတာ..ခင်ဗျားကိုညာတိုင်းခင်ဗျားကယုံရအောင် အသက်အရွယ်က ချိုမိုင်မိုင်ကတဲ့အရွယ်မို့လို့လား..ခင်ဗျားကိုယ်တိုင်ကိုက..နွားကြီးလိုဖြီးပြီး အချစ်တွေနဲ့တည်ဆောက်လိုက်ပြီဆို...အမ်း..ဘယ်အပေါက်ကပြောတာလဲ...

ခါတော်မှီ.. အမာတော်ပါးလှည့်ပါ(complete)Where stories live. Discover now