မိုချီလေး က ငါးနှစ်ကျော်
ဆိုပေမဲ့ လူကြီးတစ်ယောက်ရဲ့အတွေးအခေါ် အပြုအမူ ထက်ကို ပိုပြီး သိတက် ကျင့်သုံးတက်တဲ့ကလေးလေး.စကားကို နှစ်ခါပြောစရာမလိုအောင်လိမ်မာတယ် ဆုံးမရင်လဲ တကယ်နာခံတယ် လိုက်နာတယ်"ပါးပါးမကြိုက်ဘူးနော်.နောက်မလုပ်တော့နဲ့ ဒီအပြုအမူက မကောင်းဘူး ကလေးလေး ''လို့ပြောရင်
"ပါးပါးကဘာကြောင့်မကြိုက်တာလဲဟင်.ဘာလို့ထပ်လုပ်လို့မရတာလဲဟင်...မိုချီ လေးရဲ့ဘယ်အပြုအမူက မကောင်းတာလဲပါပါး''
ထိုမေးခွန်းတွေပြန်မေးလာတိုင်း ကိုယ့်မှာ အဖြေကို တိကျသေချာစွာ ပြန်ပေးရတယ် ကိုယ်ဖြေတဲ့အဖြေက ယုတ်တိမရှိ မသေချာရင် သူ့အတွေးနဲ့ အဲ့ဒါ ကလုပ်သင့်ကြောင်း ဘာညာ ပြန်ညွန်းတယ် ဆင်ခြေမဟုတ်တဲ့ လူသားတစ်ဦးရဲ့ ဖြေရှင်းချက်တွေ အပြည့်ရှိတယ် သူလုပ်သင့်တယ်လို့ဆုံးဖြတ်ထားရင် ဖြစ်အောင်လုပ်တယ် အဲ့ချိန်ကိုယ်တားကြည့်..ပါးပါးမကြိုက်ဘူးလား...သားသားဒီတစ်ခါဘဲလုပ်မယ်....သားသားလုပ်တာမဟုတ်ဘူးထင်တာနဲ့သားသားရပ်လိုက်မယ်
"တကယ်က ကလေးတစ်ယောက်ကို မင်းဒါမလုပ်နဲ့မကောင်းဘူးလို့ပါးစပ်ကပြောတာထက် လုပ်ကြည့် ဘယ်ဟာက ပိုဖြစ််တက်တယ် သတိထား ဆိုပြီး စောင့်ကြည့်ပေးလိုက်တာ ကောင်းတယ် ကလေးတွေက တားလိုက်ရင်ခိုးလုပ်တယ် သို့မဟုတ် မသိအောင်လုပ်ကြတယ် ဒါ့ကြောင့် သောငယ်က မတားဘူး...သူတစ်ခုခုဖြစ်တဲ့အခါ ဆိုးဆိုးဝါးဝါးမဖြစ်ခင်တော့တားလိုက်တယ်...ပြီးမှ....သိပြီးလား မိုချီ လေး ရဲ့ ဒါကပါးပါးအမြန်တားလိုက်လို့ မဟုတ်ရင် သားသားလေး..နာနာကြီးကြီးဖြစ်သွားမှာ နောက်မလုပ်ရတော့ဘူးနော်....''
ဒီလိုလုပ်လိုက်ရင် ပြေလည်သွားပြီ(ဒီလိုနည်းလမ်းကို ကိုယ့်မိဘတွေက ကျင့်သုံးတယ် ဒါ့ကြောင့်ကိုယ့်မှာ အမှားမဖြစ်တာမဟုတ်ပေမဲ့ အမှားနည်းတယ်)
မိုချီ လေးက ပိုက်ဆံ သိပ်မသုံးရဘူးလို့ပြောလိုက်တာ ကို သောငယ်ကို
"ပါးပါးကလဲ သားသားပိုက်ပိုက်ရှာတာ သုံးဖို့လေ ပါးပါးရဲ့''
YOU ARE READING
ခါတော်မှီ.. အမာတော်ပါးလှည့်ပါ(complete)
Romanceအချိန်မတိုင်ခင်..ခင်ဗျားကိုကျွန်တော်သိပ်ချစ်တဲ့အကြောင်းလက်တွေ့ပြပါ့မယ်...အချိန်နှောင်းသွားရင်တော့.... Drစဝ်သောငယ် အချိန်တွေနှောင်းကုန်ပြီဆိုတာကိုယ်သိပေမဲ့ ငယ့်ကိုချစ်မိတဲ့အကြောင်းကိုတော့ဘယ်ချိန်ဖြစ်ဖြစ် မောင် ေကြိုးစားချင်ပါသေးတယ်...ကြိုးတွေထုံးနေ...