YDMS 5

611 71 0
                                    

Unicode

ဝမ်ရိပေါ်, ရှောင်းကျန့်ကို ဆေးရုံမှာ ညဘက်စောင့်ပေးနေရင်း အလုပ်ပင်ပန်းတာကြောင့် အိပ်ပျော်သွားမိသည်။ သူနိုးတော့ မနက်အလင်းရောင်က နည်းနည်းလေးသာ ရှိသေးသည်။ ကိုယ်ပေါ်က ကုတ်အကျင်္ ီက ဘယ်သူ့ဟာမှန်း မသိတာကြောင့် ကုတင်ပေါ်သို့ အမြန်လှမ်းကြည့်လိုက်မိသည်။

ရှောင်းကျန့် ဘာမှမဖြစ်တာမြင်မှ စိတ်အေးသွားရသည်။ စောင်ကို သေချာပြင်၍ ခြုံပေးလိုက်ပြီး နဖူးအား ထပ်မံ အနမ်းပေးလိုက်သည်။

အခန်းထဲကို တစ်ယောက်ယောက် လာသွားပေမဲ့ ဘယ်သူမှန်းမသိရတာက သူ့ကို စိုးရိမ်စေတာကြောင့် ဟိုဟိုဒီဒီ လိုက်ရှာကြည့်တော့မှ ဆိုဖာပေါ်မှာ ခွေခွေလေးအိပ်နေသည့် မိုင်ရန်ကို တွေ့လိုက်ရသည်။

သူက ဒီကိုဘာလာ....။ ဟုတ်သားပဲ သူက ရှောင်းကျန့်ရဲ့ သူငယ်ချင်းပဲ။

ရိပေါ် မိုင်ရန်ကို နည်းနည်း မသင်္ကာတာတော့အမှန်ပင်။ ရှောင်းကျန့် အခုလိုဖြစ်တဲ့ညက သူ့အသိထဲက လူတွေဘယ်မှာရှိနေကြလဲဆိုတာကို လိုက်ပြီးစုံစမ်းတော့ သံသယဖြစ်စရာ တစ်ယောက်မှမရှိချေ။ ဒါပေမဲ့ မိုင်ရန်ကိုတော့ ရှောင်းကျန့်နဲ့ ရင်းနှီးမှန်း မသိခဲ့လို့ သူ,မစုံစမ်းခဲ့မိတာ။ အခု စုံစမ်းကြည့်လိုက်ရင် ဒီတစ်ယောက်ရဲ့ သရုပ်မှန် ပေါ်လာလောက်တယ်။ ပြီးတော့ သူအခုထိ သိပ်မယုံနိုင်သေးဘူး။ မိုင်ရန်က ရှောင်းကျန့် သူငယ်ချင်း ဆိုတာကို...။

ကွေးကွေးလေး အိပ်နေတဲ့လူက ချမ်းနေတဲ့ပုံပေါက်တာကြောင့် လူနာအတွက် ပေးထားတဲ့ စောင်အပို ခေါက်လျက်သားလေး တစ်ထည်ကို ယူလိုက်ပြီး ခြုံပေးလိုက်သည်။

ရိပေါ် မိုင်ရန်ကို သေချာကြည့်မိတော့ အိပ်နေရင်း မျက်မှောင်ကြုံ့လျက်၊ ပါးစပ်ကိုလည်း ဟလျက်သားလေး တွေ့ရသည်။ ရှောင်းကျန့် အိပ်ရင်လည်း အဲ့လိုပုံစံမျိုးပဲဟု ရိပေါ်တွေးလိုက်မိသည်။

သူ မိုင်ရန်ကို ‌စား‌ေသာက်ဆိုင်မှာ သွားတွေ့တာက အမှန်တော့ ရှောင်းကျန့် အကြောင်းမေးဖို့ပါ။ အစက သူထင်တာ ရှောင်းကျန့်က သူ့ကိုယ်သူ သတ်သေတယ်လို့ပေါ့။ ဒါကြောင့် ရှောင်းကျန့်နဲ့ ရင်းနှီးတယ်ဆိုတဲ့ မိုင်ရန်ကို သူ့မှာ မေးစရာလေးတွေ ရှိနေခဲ့တာ။ ဒါပေမဲ့ cctv မှတ်တမ်းက ထွက်လာတော့ သူသိသွားတယ်။ ရှောင်းကျန့်ကို တစ်ယောက်ယောက်က တွန်းချတယ်ဆိုတာကို။ ပြီးတော့ အခု အဲ့ဒီ့လူက မိုင်ရန်လည်း ဖြစ်နိုင်တယ်။

Your Death's My Survival { System }Where stories live. Discover now