YDMS 23

430 41 0
                                    

Unicode

"ငါ့ရည်းစားဟောင်းနဲ့ တွဲနေတာ ဘယ်လောက်ကြာပြီလဲလို့.."

"........"

-------------------

ရှောင်းကျန့် သူငယ်ငယ်ကတည်းက နေခဲ့တဲ့ သူ့အဖေရှိတဲ့ သူ့ရဲ့အိမ်အစစ်ကို ရောက်အောင် မောင်းနေတုန်းမှာပဲ system လေးရဲ့ အော်သံကြောင့် နားနှစ်ဖက်လုံး အူသွားတော့သည်။ အော်သံကဆူလွန်းလို့ ဘာပြောလိုက်တာလဲတောင် ကောင်းကောင်း မကြားလိုက်ရဘူး။

System လေးက နောက်တစ်ခေါက်ထပ်အော်ပြောလာသည်။ ဒီတစ်ခါတော့ ရှောင်းကျန့် ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

(Host!!!! ရပ်တော့!!! mission...)

ကျွီ!!

mission ဆိုတဲ့အသံကြားလိုက်တာနဲ့ ရှောင်းကျန့် ဘရိတ်ကို ချက်ချင်း နင်းချပစ်လိုက်တာကြောင့် ကားတာယာနဲ့ လမ်းရဲ့ပွတ်ဆွဲသံကို ကြားလိုက်ရပြီး ကားနောက်ဘီးက လေပေါ် အနည်းငယ် မြောက်တက်သွားပြီး လမ်းပေါ် ပြန်ကျကာ ရပ်သွားသည်။

လမ်းမပေါ်မှာ မားမားကြီး ရပ်ချလိုက်တာကြောင့် နောက်ကလာတဲ့ ကားတစ်စီးတင်မကဘူး.. သူ့နောက်ကလာတဲ့ကား အဲ့ဒီ့နောက်ကထပ်လာတဲ့ကားတွေအကုန် ဟိုကွေ့ဒီကွေ့နဲ့ ပရမ်းပတာတွေ ဖြစ်ကုန်ကြတော့သည်။

ဒေါသတကြီးနဲ့ အော်ဟစ်သံတွေကြားက ရှောင်းကျန့်တစ်ယောက်ပဲ ကြားရတဲ့ system လေးရဲ့ စိတ်ပျက်‌ေနပံုရတဲ့အသံက ထွက်လာသည်။

(ကျွန်တော့်မှာ ကိုယ်ထည်မရှိတာနဲ့ ပတ်သက်ပြီး god ကို ပထမဆုံးအကြိမ် ကျေးဇူးတင်မိတာပဲ!)

(အခုချိန်မှာ အဲ့တာက အရေးကြီးလား ဟေ့ရောင်!)

(သိပ်ကြီးတာပေါ့ဗျ! host မောင်းတဲ့ကားကို စီးတဲ့လူတိုင်း နိဗ္ဗာန်ရောက်ဖို့ လက်မှတ်ရသွားမှာ ၁၀၀% သေချာတယ်! အာ့ကြောင့် ကျွန်တော့်မှာ ကိုယ်ထည်မရှိတာကို god ကို ကျေးဇူးတင်ဖို့ အခုချိန်က အကောင်းဆုံးပေါ့ဗျ!)

(နားငြီးတယ်ကွာ! ပါးစပ်ပိတ်ထားစမ်း! ငါ ဒီမှာ ပြဿနာတက်နေတယ်!)

ကားကို အမြန်ရပ်လိုက်ရလို့ ခေါင်းနဲ့ရိုက်မိပြီး နာသွားတဲ့လူတစ်ယောက်က အော်ဟစ်‌ေနပြီး သူ့ကို ကားထဲက အတင်းထွက်ခိုင်းနေသည်။

Your Death's My Survival { System }Where stories live. Discover now