YDMS 17

394 46 0
                                    

Unicode

ဝမ်ရိပေါ်ရဲ့ အိမ်က တစ်ယောက်ထဲ နေဖို့ ကျယ်လွန်းလှပြီး မြက်ခင်းပြင်ကျယ်ကြီးရဲ့ အလယ်မှာ ဆောက်ထားတာမို့ လူသူကင်းရှင်းပြီး တိတ်ဆိတ်လွန်းလှသည်။ အိမ်ဆီ တိုက်ရိုက်ရောက်တဲ့ လမ်းလေးလည်း ရှိပြီး အဲ့ကနေ ထွက်သွားရင်တော့ မြို့ထဲ ပြန်ရောက်မလား ဒါမှမဟုတ် ဘယ်နေရာ ရောက်သွားမလဲဆိုတာ ရှောင်းကျန့် စဥ်းစားနေမိသည်။ ဒီနေရာက မြို့ရဲ့ ဘယ်‌ေနရာလဲဆိုတာ ရှောင်းကျန့် မသိတာကြောင့် system ကို မေးကြည့်လိုက်သည်။

(system ငါ ဘယ်နေရာရောက်နေတာလဲ)

(ဝမ်ရိပေါ်ရဲ့အိမ်လေ)

(မင်းပြောမှလားကွ! မြို့ထဲမှာလား မြို့ပြင်မှာလား မေးနေတာ!)

(အော် မြို့ပြင်မှာပါ host, ဒီနေရာက လျှို့ဝှက်လွန်းလို့ အခုနေ.. ဝမ်ရိပေါ်က host ကို သတ်လိုက်ရင်တောင် ဘယ်သူမှ သိမှာမဟုတ်ပါဘူး)

(ကောင်းလိုက်တဲ့ ဥပမာ..)

ရှောင်းကျန့် ပြတင်းပေါက်ကနေ အိမ်ရှေ့ကို လှမ်းကြည့်လိုက်တော့... ကားရပ်ထားတာ မတွေ့တာကြောင့် အလန့်တကြား မေးလိုက်မိသည်။

"ကားရော? ငါတို့ အတန်းတက်ရမယ်လေ"

"ဒီနေ့ မသွားနဲ့တော့.. အဲ့မှာ မင်းနောက်ကို လိုက်နေတဲ့လူက စောင့်နေတယ်"

"ငါ့နောက်ကို လိုက်နေတဲ့လူ??"

ရှောင်းကျန့် မသိချင်ယောင်ဆောင်ပြီး မေးလိုက်သည်။

"မင်းရည်းစားရဲ့လူလေ"

"ငါ့ရည်းစား?? မင်း ဘယ်သူ့ကို ပြောနေတာလဲ"

"ရီကိုးလေ"

"သူက ငါ့ရည်းစား မဟုတ်‌ေတာ့ဘူး! ငါ သူ့ကို ဖျက်လိုက်ပြီ!"

"သူက လက်ခံတယ်တဲ့လား"

ရှောင်းကျန့် ခေါင်းခါလိုက်ပြီး...

"ဒါပေမဲ့ ငါ့ဘက်က သူ့အပေါ် ဘာစိတ်မှ မရှိတော့ဘူး"

"အိုး.. ဒါဆို သူက လွှတ်မပေးတာပေါ့"

"အင်း"

ရိပေါ်က ဆိုဖာပေါ် အေးဆေးထိုင်ကာ ထျန်မိုင်ရန်ကို စကားပြောနေသည်။ စားပွဲအလယ်မှာ ပန်းအိုးတစ်လုံးရှိပေမဲ့ အတွင်းထဲမှာ ဘာပန်းမှ ထိုးထားခြင်း မရှိပေ။

Your Death's My Survival { System }Where stories live. Discover now