YDMS 14

416 52 0
                                    

Unicode

ရှောင်းကျန့် အိမ်ပြန်ရောက်တဲ့အခါ ကိုယ်လက်သန့်စင်ပြီး ခဏနားတယ်။ ထမင်းစားသောက်ပြီးတော့ စာလုပ်ဖို့ပြင်တယ်။ ဒါကလွဲပြီး သူ့မှာ တခြား လုပ်စရာအလုပ်ဆိုလို့ system နဲ့ ရန်ဖြစ်တာပဲ ရှိတော့တယ်။ မနေ့ညက ဝမ်ရိပေါ်ရဲ့ စေတနာအပြည့်နဲ့ သင်ပြမှုကြောင့် ရှောင်းကျန့် စာတော်တော်များများကို နားလည်နေပြီ။

အရင်က သူ စိတ်ဝင်စားတာက ဒီဇိုင်းဘက်ကိုဖြစ်ပြီး ကမ္ဘာ့အခမ်းနားဆုံးဟိုတယ်ကြီး ဆောက်ဖို့က သူ့ရည်မှန်းချက်ဖြစ်ခဲ့ပေမဲ့ အခုတော့ ဆေးပညာနဲ့ ပတ်သက်တာကို သင်နေရပြီ။ ဒါပေမဲ့ ဒါက ခဏပါပဲလေ..။ နောက်ကြ သူ့ဘဝ သူပြန်ရမှာပါ။ အဓိက,က လက်မလျှော့ဖို့ပဲ။

မနေ့က ကျောင်းဆင်းတော့ ရိပေါ်ကားနဲ့ လိုက်သွားတာကြောင့် ရီကိုးရဲ့လူက သူ့နောက်လိုက်လို့ မရခဲ့ဘူး။ လျင်မြန်ပါးနပ်တဲ့ ကျိုးလိက နောက်ကလိုက်နေတဲ့ကားကို သတိထားမိတာကြောင့် မျက်ခြေဖြတ်ခဲ့တာ။ ဒီမနက်က ကျောင်းရောက်တဲ့အထိ ထိုလူ အရိပ်အယောင်တောင် မမြင်ရဘူး။ ညနေ ကျောင်းကပြန်တော့မှ အဲ့လူ ပြန်ပေါ်လာတာ တွေ့ရတယ်။ အခု အိမ်ပြန်တော့ ကျိုးလိက လိုက်ပို့တာကြောင့် အဲ့လူကို ထပ်မတွေ့ရတော့ပြန်ဘူး။

ရိပေါ်က သူ့ကို ကျိုးလိနဲ့အပ်ပြီး နောက်ကားတစ်စီးနဲ့ ကိုယ့်ဘာ့ကိုယ်ကားမောင်းပြန်သွားတယ်။ အလုပ်ရှိတဲ့ပုံပေါ်တာကြောင့် ရှောင်းကျန့်လည်း ထွေထွေထူးထူး မေးမနေတော့ဘဲ ရိပေါ် စီစဥ်တဲ့အတိုင်း အကုန်လုပ်ပေးလိုက်တယ်။ ထျန်မိုင်ရန်ရဲ့ ဘဝမှန်ပေါ်သွားတာနဲ့ တစ်ပြိုင်နက် သူ့မှာ အန္တရာယ်တွေများလာတော့မှာ..။ အဲ့အချိန်ကြရင် ဝမ်ရိပေါ်က သူ့ဘက်မှာ ရှိနေမှ ဖြစ်မှာ.. မဟုတ်ရင် ထျန်မိသားစုကို လုပ်ကြံခဲ့တဲ့လူတွေဆီမှာ လွယ်လွယ် အသတ်ခံရလိမ့်မယ်။

တကယ်လို့ ဝမ်အိမ်တော်ရဲ့ လက်ချက်ဖြစ်နေမယ်ဆိုရင်တောင် ရိပေါ်က ဒီကိစ္စမှာ ဆွေမျိုးသားချင်းဆိုတာကလွဲလို့ ဘာမှမပတ်သက်ဘူးလေ။ သူက သူ့မိသားစုဘက်ကိုလိုက်ပြီး မိုင်ရန်ကို မသတ်လောက်ပါဘူး။ မသတ်အောင် လုပ်ရမယ်။ အခုကတည်းက သူ့ကို အတင်းကပ်ထားရမယ်။

Your Death's My Survival { System }Where stories live. Discover now