YDMS 19

372 43 2
                                    

Unicode

တစ်လ... အင်း.. တစ်လရှိပြီ။ ရှောင်းကျန့် ဘာမှမလုပ်ဘဲ ဝမ်ရိပေါ်ရဲ့ အိမ်မှာပဲ သူ့ခန္ဓာကိုယ်ကို စောင့်ရှောက်နေရတာ။ ဒီတစ်လအတွင်းမှာ ရှောင်းကျန့်က သူ့ခန္ဓာကိုယ်ကို ရေပတ်တိုက်ပေးရတယ်။ စာအုပ်တွေ ဖတ်ပြပေးရတယ်။ စကားပြောပေးရတယ်။ ဝမ်ရိပေါ် ဘက်က ကြည့်ရင်တော့ ရှောင်းကျန့် မြန်မြန်နိုးလာအောင် ဒါတွေက လုပ်ပေးသင့်တယ်ပေါ့လေ။

ဒါပေမဲ့ ထျန်မိုင်ရန် ဖြစ်နေတဲ့ သူ့ဘက်က ကြည့်ရင်တော့ တော်တော် ထူးဆန်းတယ်။ သူက ရှောင်းကျန့်ပဲကို.. ရှောင်းကျန့်နိုးလာအောင် စကားပြောပေးနေရတယ်တဲ့လား။ ဆန်းကြယ်လှပါပေတယ်။

ဒါက အလုပ်ဖြစ်မှာ မဟုတ်မှန်း သူသိနေတယ်လေ။ သူ မြန်မြန်နိုးလာနိုင်ဖို့ဆိုရင် mission အောင်ဖို့ပဲ ရှိတာ။ အရေမရ အဖတ်မရ စကားတွေ ထိုင်ပြောပေးနေရုံနဲ့ ရမှာမဟုတ်ဘူး။

အိမ်ကနေ မနက်ဆို ထွက်သွား‌ေလ့ရှိတဲ့ ဝမ်ရိပေါ်က ညဥ့်နက်မှ ပြန်လာဖြစ်တယ်။ ပိတ်ရက်တောင် မနားဘူး။ ထျန်မိုင်ရန်ရဲ့ ကိစ္စရော၊ ရှောင်းကျန့်ကိစ္စတွေပါ ဖြေရှင်းဖို့ လုပ်နေရလို့ ပင်ပန်းနေရတယ်။

ရှောင်းကျန့်အတွက်ကတော့ သူ့ကို တွန်းချတဲ့လူကို သူ့ခန္ဓာကိုယ်အစစ်ထဲ ပြန်ရောက်တော့မှ ဖော်ထုတ်မယ်။ အခုလောလောဆယ်တော့ ထျန်မိုင်ရန်ရဲ့ mission တွေကိုပဲ ပြီးအောင် လုပ်ဦးမယ်။ ပိုပြီးအရေးကြီးတာကတော့ တစ်လကုန်သွားပြီဆိုတာပဲ။ သူ့မှာ အချိန် ၂ ရက်ပဲ ကျန်တော့တယ်။

(အား!!!! ငါ့မှာ အချိန် ၂ ရက်ပဲ ကျန်တော့တယ်!!!!)

အပြင်မှာ အော်လို့မရတော့ ရှောင်းကျန့် စိတ်ထဲမှာ အော်ပစ်လိုက်သည်။

(အလွယ်လမ်းလိုက်ချင်ဦးလေ host ရယ်)

(ဘယ်လိုလုပ်ရမလဲ!!! ငါ ဒီတိုင်းတော့ မသေနိုင်ဘူး!! ငါ့ခန္ဓာကိုယ်ထဲ မရ,ရအောင် ပြန်ဝင်ရမယ်!!)

(ကျွန်တော် အကြံမပေးနိုင်တော့ဘူးနော် တော်ကြာ တစ်ခုခုဖြစ်ရင် ကျွန်တော်ပြောလို့ဆို ဖြစ်ဦးမယ်)

(ဘယ်လိုလုပ်မလဲ! အီး..ဟီး..)

(ဟာ! host! မငိုနဲ့လေဗျာ!)

Your Death's My Survival { System }Where stories live. Discover now