Unicode
အတန်းပြီးတဲ့အထိ မှောက်အိပ်နေဆဲ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့် သက်ပြင်းချမိသည်။ တကယ်ပါပဲ ဒီကောင်...ငယ်ငယ်က အကျင့် အခုထိ မပျောက်သေးဘူး။ အတန်းချိန်ဆို အမြဲမှောက်အိပ်နေတယ်။ ပြီးရင် ထူးထူးဆန်းဆန်း စာမေးပွဲကြ အမှတ်အကောင်းဆုံးရတာ ဝမ်ရိပေါ်ပဲ။ သူများတွေကတောင် သံသယဝင်ကြတယ်။ ရိပေါ်အဖေက ငွေသုံးပြီး အအောင်ပေးခိုင်းတယ်ဆိုပြီး..။
ဒါပေမဲ့ ရိပေါ် တကယ်စာတော်တာ ရှောင်းကျန့် သိသည်။ ငယ်ငယ်က သူ့ကိုစာရှင်းပြနေကြပဲလေ။ တကယ်တတ်လို့ တကယ်ရတာမှန်း သူသိသည်။ တကယ်ပဲ ဒီကောင်...ဘာနည်းလမ်းကို သုံးတာပါလိမ့်။ သူဘယ်လောက်မေးမေး မပြောပြခဲ့ဖူးဘူး။
အတန်းကပြီးနေပြီမို့ ရိပေါ်ကို နှိုးလိုက်သည်။ ပုခုံးကို လှုပ်ပြီးနှိုးလိုက်တော့ နိုးတော့လာပါသည်။ တော်သေးတာပေါ့ ငယ်ငယ်ကလို အာပေါက်မတတ် အော်နှိုးရမယ်ထင်ထားတာ။
"အတန်းပြီးသွားပြီလား"
"အင်း.."
ပြန်ဖြေလိုက်ပြီး ကုတ်အကျင်္ ီကို လက်မှာချိတ်ကာ ကန်တင်းကို သွားဖို့အပြင်...
"မင်းဘယ်သွားမလို့လဲ"
"ကန်တင်းကို...ထမင်းစားမလို့"
"အတူတူသွားမယ်"
ဘာမှရေးမထားတဲ့ စာအုပ်အလွတ်တွေကို သိမ်းပြီး ရိပေါ်က ရှေ့ကကြိုထွက်သွားသည်။ မိုင်ရန်လည်း သူ့နောက်ကလိုက်ခဲ့သည်။ အခန်းအပြင်ရောက်တော့မှ ပြန်လှည့်ကြည့်ပြီး...
"ကန်တင်းက ဘယ်မှာလဲ"
မိုင်ရန် ရယ်လိုက်မိသည်။ သူရယ်တာမြင်တော့ ရိပေါ်က ဆူပုတ်ပုတ်ဖြင့်...
"ဘာရယ်တာလဲ"
"ဘာမှမဟုတ်ပါဘူး..အဟမ်း..ဒီဘက်မှာ..ကန်တင်းက.."
မျက်နှာပိုးကို အမြန်သပ်လိုက်ပြီး ရှေ့က ဦးဆောင်ထွက်လိုက်သည်။ ဆက်ရယ်နေရင် ရိပေါ်က မိုင်ရန်ကို အကြည့်နဲ့သတ်တော့မယ့်ပုံ။
ကန်တင်းရောက်တော့ စားစရာတွေယူနေတုန်း ပုခုံးပေါ်ရောက်လာတဲ့ လက်တစ်ဖက်ကြောင့် ရှောင်းကျန့် ဘယ်သူ့လက်မှန်း သိလိုက်သည်။ ခါတိုင်း ကန်တင်းမှာ မိုင်ရန်ကို နေ့လည်စာမစားရအောင် လုပ်လေ့ရှိတာ တစ်ယောက်ပဲ ရှိသည်။ ဟိုဆံဖြူကောင်...။ ဒါပေမဲ့ သူကအခု ဆေးရုံမှာလေ..ဒါဆိုရင်...ဒီလက်က...
YOU ARE READING
Your Death's My Survival { System }
Fanfiction"အချောဆုံး host ကို ရထားတဲ့ မင်းက စိတ်လျှော့ စိတ်လျှော့🧘♂️" "အေခ်ာဆုံး host ကို ရထားတဲ့ မင်းက စိတ်လျှော့ စိတ်လျှော့🧘♂️" 4th Fiction💛 Author - EmmaXing✨ Start Date - December 15, 2021 End Date - Cover is not mine.Full Crd.