YDMS 25

384 38 0
                                    

Unicode

တက္ကသိုလ်ကျောင်းဝင်းထဲ အနက်ရောင်ကားတစ်စီးဝင်လာတော့ ကျောင်းဝင်းထဲကလူတွေအကုန် ထိုကားဆီ အာရုံရောက်ကုန်ကြသည်။ ရောက်မှာပေါ့ ဒါဟာ နယ်နယ်ရရ ကားမျိုးမှ မဟုတ်ပဲ။

ကားထဲက ဆင်းလာတဲ့ဝမ်ရိပေါ်ကို မြင်တော့မှ အကုန်လုံးက အော် ဆိုသည့် မျက်နှာပံုစံနဲ့ ကိုယ့်ကိစ္စကိုယ် ပြန်လုပ်ဖို့ ပြင်လိုက်ကြပေမယ့်လည်း ကားထဲက နောက်ထပ်ဆင်းလာတဲ့လူကြောင့် ဟင် တွေ ဟာ တွေ ဖြစ်ကုန်ကြတယ်။

သူတို့မြင်နေရတာ ဟုတ်ရဲ့လား။ ပျောက်နေတာ တစ်လကျော်နေပြီဖြစ်တဲ့ ထျန်မိုင်ရန်က ဝမ်ရိပေါ်ရဲ့ကားထဲက ဆင်းလာတာလား။ ထျန်မိုင်ရန် ပျောက်မသွားခင်တုန်းက ဝမ်ရိပေါ်နဲ့ ရင်းနှီးခဲ့တာ သိပေမဲ့ ဒီလောက်ထိ ရင်းနှီးနေမယ်လို့တော့ မထင်ခဲ့မိဘူး။ အတူတူတောင် လာတဲ့အထိဆိုတော့ အံ့ဩစရာပဲ။ ဒါဆို ထျန်မိုင်ရန်က ဒီတစ်လကျော်ကျော် အချိန်မှာ ဝမ်ရိပေါ်နဲ့ရှိနေခဲ့တာလား။

အဲ့လိုဝိုင်းကြည့်နေကြတဲ့လူတွေထဲက တစ်ယောက်ကတော့ ဖန်မင်ဟုန်ပဲ။ ထျန်မိုင်ရန်ကို မြင်ရတာ အကုန်လုံးထက် သူက ဝမ်းအသာဆုံးဖြစ်လောက်တယ်။

ဒီအတောအတွင်း သူ ထျန်မိုင်ရန်ကို လိုက်ရှာခဲ့တာ တစ်မြို့လုံး နှံ့နေပေမဲ့ ရှာမတွေ့ခဲ့ဘူး။ ဟက်! လက်စသတ်တော့ ဝမ်သခင်လေးဆီ ရောက်နေတာပဲ။ ဘယ်လောက် အံ့ဩစရာကောင်းလိုက်သလဲ။

ဖန်မင်ဟုန်ကို တွေ့တာနဲ့ ရိပေါ်က မိုင်ရန်ရဲ့ လက်ကောက်ဝတ်ကိုကိုင်ကာ သူ့အနားဆွဲကပ်လိုက်သည်။ ကြောင်သွားတဲ့ ထျန်မိုင်ရန်က ပတ်ဝန်းကျင်ကို သေချာကြည့်လိုက်တော့မှ ဖန်မင်ဟုန်ကို မြင်တော့သည်။

(တဆိတ်လောက်.. အခု ဝမ်ရိပေါ်က ငါ့ကို.. အဲ.. ထျန်မိုင်ရန်ကို ကာကွယ်ဖို့ ကြိုးစားလိုက်တာလား)

(ကြည့်ရတာ ဒီတစ်လကျော်ကျော်အတွင်း ဝမ်ရိပေါ်က ထျန်မိုင်ရန်ကို သဘောကျသွားပြီထင်တယ်နော် host ဟီးဟီး)

(ပြောနေတာအကောင်း.. နောက်က ဟီးဟီး က ဘာသဘောလဲ)

(host ဘယ်လိုမှမနေဘူးလား.. ဝမ်ရိပေါ်က host ထက် အချစ်သစ်ကို တွေ့နေပြီလေ~)

Your Death's My Survival { System }Où les histoires vivent. Découvrez maintenant