YDMS 8

483 64 0
                                    

Unicode

ရိပေါ် သူ့အဖေကို အကြောင်းစုံပြောပြီး အစည်းအဝေးခန်းထဲက ထွက်လာခဲ့သည်။ ဝမ်ပါးကလည်း အစ်ကိုအရင်းလို ရင်းနှီးရတဲ့သူက မူးလဲတဲ့အကြောင်းကြားတော့ တစ်ခါထဲ လိုက်ခဲ့ချင်ပေမဲ့ အစည်းအ‌ေဝးကို ပစ်ထားခဲ့လို့ မရတာကြောင့် နေခဲ့ရသည်။

ဆေးရုံရောက်တာနဲ့ ဦးလေးရှောင် ရှိတဲ့အခန်းကို သွားလိုက်သည်။ ရိ‌ေပါ်ရဲ့ လူတစ်ယောက်က တံခါးရှေ့မှာ ရပ်စောင့်‌ေနရာက ရိပေါ်ကိုမြင်တော့ ဖယ်ပေးသည်။ သူ တံခါးကို ဆွဲဖွင့်လိုက်စဥ်မှာပဲ မျက်ရည်တွေ စီးကျနေတဲ့ မိုင်ရန်က ပြေးအထွက်..ဝင်တိုက်မိတော့သည်။

ပြုတ်ကျသွားတဲ့ လွယ်အိတ်ကိုပင် ဂရုမစိုက်နိုင်ပဲ အပြင်ကို ပြေးထွက်ဖို့ လုပ်တဲ့ မိုင်ရန်ကို ရိပေါ် ဆွဲထားလိုက်သည်။ အခန်းတံခါးကို ဆွဲပိတ်ပြီး နံရံဘက်ကို ဆောင့်တွန်းလိုက်သည်။

"မင်း ဘယ်လိုလုပ် ဒီရောက်နေတာလဲ!"

"...."

မျက်ရည်တွေ ‌ကျနေတဲ့ မိုင်ရန်က အသက်ရှူလည်း မြန်နေသည်။ သူမေးတာကိုပင် ပြန်မဖြေနိုင်ပဲ ကြောင်ကြည့်နေလေသည်။ ရိပေါ် ဒေါသထွက်တာကလွဲလို့ ဘာမှ မသိတော့..။ ဒီ‌ေန့ခင်းကပဲ သူ သတင်းရတယ်။ ရှောင်းကျန့် ဒီလိုဖြစ်တဲ့ ညက ထျန်မိုင်ရန် အိမ်မှာ မရှိဘူး။ ညဘက် ကလပ်မှာလုပ်တဲ့ အချိန်ပိုင်းအလုပ်ကလည်း ခွင့်တစ်ည ယူခဲ့တယ်။

ဒါဆို သူဘယ်သွားတာလဲ။ အဲ့ညက ရှောင်းကျန့်ကို မိုင်ရန် တွန်းချခဲ့တာလား။ ဘာလို့လဲ။ အခုလည်း ဦးလေး ကို ဒီလိုဖြစ်အောင် သူလုပ်လိုက်တာလား။

မိုင်ရန်ရဲ့ ပုခုံးနှစ်ဖက်ကို ကိုင်ထားရာက အကျင်္ ီလည်ပင်းကို ‌ေနရာ‌ေပြာင်းဆွဲကာ ရိပေါ် ဒေါသတကြီး အော်ချလိုက်သည်။

"‌မင်းဒီမှာ ဘာလုပ်နေတာလဲလို့ မေးနေတယ်!!!"

"ငါ..."

သူ့အော်သံကြောင့် တုန်သွားတဲ့ မိုင်ရန်က ဘာမှမပြောနိုင်..။ ရိပေါ် နောက်က ပါလာတဲ့ ကျိုးလိ (ရိပေါ်ရဲ့လူယုံ) က ခုနက တံခါးမှာ ရပ်စောင့်နေတဲ့လူ ပြောတာကို နားထောင်ပြီးနောက် တံခါးဖွင့်ကာ ရိပေါ်ကို တားသည်။

Your Death's My Survival { System }Kde žijí příběhy. Začni objevovat