YDMS 29

392 40 0
                                    

Unicode

"မနက်ဖြန် ဦလေးရှောင်း၊ ရှောင်းကျန့်ကို လာကြည့်လိမ့်မယ်"

"အွန်း"

ပိတ်ရက်မို့ နှစ်ယောက်လုံး ဝမ်ရိပေါ်ရဲ့ အိမ်မှာ ရှိနေကြတာ ဖြစ်သည်။ ရှောင်းကျန့်ရဲ့အခန်း (လူနာခန်း) ထဲမှာ ရိပေါ်က ကုတင်နဲ့ မနီးမဝေးမှာ ကွန်ပျူတာတစ်လုံးနဲ့ အလုပ်လုပ်နေပြီး မိုင်ရန်က ကုတင်ဘေးမှာ ထိုင်ကာ စာအုပ်ဖတ်‌ေနသည်။

"မင်းပေးတဲ့အကြံအတိုင်း လုပ်ကြည့်လိုက်တာ အဆင်ပြေတယ်.. ရောင်းအားအတော်တက်လာတယ်.. ဒါပေမယ့် ရီလူကြီးမင်း စိတ်ကျေနပ်ဖို့တော့ အတော်လိုသေးတယ်.."

"သူက ရောင်းအား ဘယ်လောက်ရရ စိတ်ကျေနပ်မှာ မဟုတ်ဘူး.. ငါ့အကြောင်းပါ သိသွားပြီဆိုတော့ ဝမ်အိမ်ရဲ့ ခေါင်းဆောင်နေရာကို မရရအောင် လုတော့မှာ.."

".......ရီလူကြီးမင်းက မင်းကို မြင်တုန်းက မင်းအဖေကို တန်းမှတ်မိပြီး လန့်သွားတယ်.. ငါ့အဖေတုန်းက အဲ့လို မဟုတ်ဘူး.."

"အခုထိ မင်းအဖေကို သံသယဝင်နေတုန်းလား.."

"......."

"ဒီလိုလုပ်... ငါက လူရှေ့ထွက်ချင်တယ်လို့  သူ့ကိုပြောလို့ သူက မတွန့်ဆုတ်ဘဲ သဘောတူရင်.. သူဘာအပြစ်မှ လုပ်မထားဘူးလို့ သတ်မှတ်လို့ရတယ်မလား.."

"မင်း လူရှေ့ထွက်မလို့လား.."

"အင်း ငါက ထျန်မျိုးဆက်ဆိုတာ လူတိုင်းကို ပေးသိလိုက်တော့မယ်.. စဥ်းစားကြည့်လိုက်တော့ ဒါကလည်း တရားခံကို ကြောက်သွားစေနိုင်ပြီး သူ့ဘက်တစ်ခုခု လှုပ်ရှားလာနိုင်တာပဲလေ.."

"........ အန္တရာယ်များတယ်"

"ငါသိတယ်.. ဒါပေမဲ့ ငါတို့မှာ အခုထိ ရေရေရာရာ သဲလွန်စမှ မရှိတာ.. အကုန် ပါးစပ်အပြောပဲ ရှိတာလေ.. ..ငါးရချင်ရင် ငါးစာကို အရင်ချရမယ်.."

(ဝေါင်း host! ဘယ်တုန်းက ဒီလောက်ထိ ပညာမြင့်သွားတာလဲ)

(ဝမ်ရိပေါ် ငါ့ကို ဒီအိမ်မှာ ပိတ်ထားတာ ကြာပြီလေ.. သူ့ စာအုပ်စင်က စာအုပ်တွေ ငါမဖတ်ဖူးတာ တစ်ခုမှ မရှိတော့ဘူး! အဲ့တော့ စူပါ ဥာဏ်ကောင်းလာတာပေါ့!)

Your Death's My Survival { System }Where stories live. Discover now