YDMS 26

354 35 2
                                    

Unicode

"အန်တီလေး.. အဲ့လူမျက်နှာကို မြင်လိုက်လားဟင်.. မှတ်မိသေးလား"

"မမြင်လိုက်ဘူး အားရန်.. ညဘက်ကြီးဆိုတော့.. ဦးထုပ်အနက် ဆောင်းထားတာတော့ မှတ်မိတယ်.. အမ်.. ထင်တာပဲကွယ်"

"အာ.. ဟုတ် ကျေးဇူးတင်ပါတယ် အန်တီလေး.. အရမ်းမစဥ်းစားပါနဲ့ ခေါင်းကိုက်နေမယ်.."

အန်တီလေးရှန်က ခေါင်းအသာငြိမ့်သည်။ ရှောင်းကျန့်(ထျန်မိုင်ရန်)က ရိပေါ်ကို လှည့်ကြည့်တော့ တစ်ခုခုကို စဥ်းစားနေပုံရတဲ့ ဝမ်ရိပေါ်ကြောင့် အန်တီလေးကို ခဏခွင့်ပြုဖို့ ပြောပြီး အနားရောက်လာသည်။

"မင်း ကြားလိုက်တယ်မလား"

ဝမ်ရိပေါ်က ခေါင်းငြိမ့်သည်။

"လူတစ်ယောက်က ငါ့ကို မိဘမဲ့ဂေဟာမှာ လာထားတာဆိုရင် အဲ့လူက ငါ့ရဲ့မွေးစားအဖေ ကျောက်ကျန်းလီ ဖြစ်နိုင်လား"

"မဖြစ်နိုင်ဘူး"

"ဘာလို့လဲ"

"ကျောက်ကျန်းလီနဲ့ ကျောက်မင်ရီက အဲ့တုန်းက အသက် ၂၀ ပဲ ရှိသေးတာ အစကတည်းက အိမ်ကခိုးပြေးပြီး ယူခဲ့ကြတာမို့လို့ ထျန်သခင်မရဲ့ကျေးဇူးကြောင့်သာ မဟုတ်ရင် သူတို့နေစရာရှိမှာ မဟုတ်ဘူး"

"အန်တီလေး ပြောတဲ့ အသက်အရွယ်နဲ့ မကိုက်ဘူးပဲ.. ဒါပေမဲ့ အန်တီလေးက သေချာမှတ်မိတာတော့ မဟုတ်ဘူးလေ.."

"အားရန်.."

"ဗျာ!"

အန်တီလေးရှန်က ရုတ်တရက် ခေါ်လာတော့ ရှောင်းကျန့် လှည့်ကြည့်လိုက်သည်။ လက်ထဲက နည်းနည်းဟောင်းနေပုံရတဲ့ စာအုပ်ကို သူ့ဆီ ပေးလာတာကြောင့် ရှောင်းကျန့် ထိုစာအုပ်ကို ယူလိုက်သည်။

တစ်ရွက်ချင်းစီ လှန်ကြည့်လိုက်ရင်း မယုံနိုင်စွာ အသာရယ်မိသည်။ အန်တီလေးရှန်က သူမ,စောင့်ရှောက်ခဲ့သမျှ ကလေးတွေရဲ့ အကြောင်းတွေကို ရေးမှတ်ထားသည်လေ။ Diary သဘောမျိုးဖြစ်ပြီး မိုင်ရန်ကို ဘယ်လိုစတွေ့ခဲ့တယ်ဆိုတာ ရေးထားသည်။ ရက်စွဲပါ, ပါလေသည်။ ရက်စွဲကို မြင်လိုက်တော့ ရှောင်းကျန့် အံ့ဩသွားရသည်။

Your Death's My Survival { System }Where stories live. Discover now