Unicode
"ဝေ့! ငါပြောနေတယ်လေ!"
ဖန်မင်ဟုန်က မိုင်ရန့်အကျင်္ ီကော်လံကိုဆွဲကာ အော်ပြောသည်။
ရှောင်းကျန့်က အခုမှ အသိဝင်လာတဲ့ပုံ ဟန်ဆောင်ကာ အံ့ဩသွားတဲ့ပုံစံဖြင့်...
"အာ! သွေ့..သွေ့ပုချိ!"
"မင်းကန်းနေလား! ခေါ်နေတာ ကြာလှပြီ!"
ဖန်မင်ဟုန်က ဒေါသနဲ့ ပြောပြီးကာမှ ရုတ်တရက် ရီသခင်လေး သတိပေးလိုက်တာကို သတိရသွားေလသည်။
( "နောက်တစ်ခါ သူ့အနားမှာ မင်းသောက်ခွက်မြင်တာနဲ့ တစ်ခါထဲ ငရဲပြည်တန်းပို့ပစ်မယ်၊ ငါဘယ်သူလဲ သိတယ်မလား" )
ထိုစကားကို သတိရသွားတာကြောင့် မိုင်ရန့် အကျင်္ ီ ကော်လံကို ဆွဲထားမိတဲ့ လက်ကိုပြန်ရုတ်လိုက်ကာ မတ်တပ်ထရပ်ပြီး ရုတ်တရက် ဦးညွှတ်လေသည်။
"သွေ့...သွေ့ပုချိ!!!!"
အော်ပြောကာ လှည့်ပြေးသွားတာကြောင့် ကြမ်းပြင်ပေါ်က ရှောင်းကျန့်(ထျန်မိုင်ရန်)မှာ ကြောင်ပြီး ကျန်ခဲ့လေသည်။
(What...)
(....)
ရိပေါ်၊ ဝမ်မားနဲ့ဖုန်းပြောပြီး ဖန်မင်ဟုန်ရဲ့ အော်သံကို ကြားတာနဲ့ အသံရှိရာဆီ လျှောက်လာလိုက်တော့... အသားကုန်ပြေးထွက်သွားတဲ့ ဖန်မင်ဟုန်ရယ် ကြမ်းပြင်ပေါ်မှာ ကြောင်တောင်တောင်နဲ့ ထိုင်နေတဲ့ ထျန်မိုင်ရန်ရယ် ကို တွေ့လိုက်ရသည်။
ဖန်မင်ဟုန်ဆိုတဲ့ကောင် ထပ်ပြီး သူ့ကိုပြဿနာရှာပြန်ပြီလား။
ထျန်မိုင်ရန်ရှေ့ မတ်တပ်ရပ်လိုက်ပြီး...
"ဘာဖြစ်တာလဲ"
Ash နဲ့ စကားပြောနေတဲ့ ရှောင်းကျန့်က ရိေပါ်အသံကြားကာမှ လန့်သွားပြီး သူ့ရှေ့မှာ ဝမ်ရိပေါ်ရောက်နေမှန်း သိတော့သည်။
(Wtf!! ဒီကောင် ဘယ်က ရောက်လာတာလဲ!)
(Host က အရစ်ရှည်နေတာကိုဗျ! ဘယ်မြင်မလဲ!)
(ဘာပြောတယ်! ဟေ့ရောင်!)
"ထျန်အာ?"
ဝမ်ရိပေါ်က ထပ်ခေါ်သည်။
BINABASA MO ANG
Your Death's My Survival { System }
Fanfiction"အချောဆုံး host ကို ရထားတဲ့ မင်းက စိတ်လျှော့ စိတ်လျှော့🧘♂️" "အေခ်ာဆုံး host ကို ရထားတဲ့ မင်းက စိတ်လျှော့ စိတ်လျှော့🧘♂️" 4th Fiction💛 Author - EmmaXing✨ Start Date - December 15, 2021 End Date - Cover is not mine.Full Crd.