3.

5.5K 416 12
                                    

(Unicode)

ပြူးကျယ်သည့်မျက်ဝန်းများနှင့် သူ့မျက်နှာကို တုန်လှုပ်ချောက်ချားစွာ ကြည့်ရင်း အော်နေသူကြောင့် သရက်ပင်အောက်၌ အိပ်မောကျနေသည့်အောင်ထူးပင် လန့်နိုးသွားပြီး ချောင်းစပ်ကို ပြေးလာသည်။

" အား!! သရဲ အား!!"

" ဟျောင့် အားပြဲလျှာပြဲနဲ့ လာအော်မနေနဲ့ကွ! ငါ သရဲမဟုတ်ဘူး!"

" အား!! သရဲ!!"

" ငါ သရဲမဟုတ်ဘူးလို့!!"

" အမ်..."

သူ အသံကျယ်ကျယ်နှင့် ပြန်အော်ချလိုက်တော့ ငြိမ်ကျသွားသည်။ သူလည်း ထိုလူ့ခါးကို ဆွဲဖက်ထားရာမှ စိတ်ရှုပ်သလို တွန်းထုတ်လိုက်သည်။ ထိုအခါမှ အရှေ့ကကောင်လေးဟာ အတွင်းခံတစ်ထည်တည်းဝတ်ထားသည့် သူ့ခန္ဓာကိုယ်ကို မြင်သွားပြီး ထပ်အော်လာတော့သည်။

" အား!! အရှက်မရှိတဲ့ သရဲ!!"

" ငါ သရဲမဟုတ်ဘူးလို့ sh*t!"

" ကိုကြီး ဘာဖြစ်... အယ် ကိုရဝေ"

အောင်ထူးကတော့ ကုန်းပေါ်ကနေ သူတို့နှစ်ယောက်၏အခြေအနေကို ကြောင်ကြည့်နေသည်။ အောင်ထူးကို လှမ်းမြင်လိုက်ရတော့ သူ့အနားက အူကြောင်ကြောင်ကောင်လေးဟာ အောင်ထူးအနားသို့ ကပျာကယာ ပြေးသွားသည်။

" အောင်ထူး သူက ဘယ်သူလဲ"

ကုန်းပေါ်ရောက်သွားတော့ ရေအောက်က သူ့ထံ လက်ညှိုးထိုး၍ မေးသည်။ အောင်ထူးကတော့ ပုဆိုးတစ်ထည်လုံးတင်မက ဝတ်ထားသည့် အင်္ကျီပါ စိုသွားရှာသည့် သူ့အဖြစ်ကို ကြည့်ပြီး ရယ်သည်။

" ဟားဟား ကိုရဝေရယ်...ဘုန်းကြီးကျောင်းသားဖြစ်ပြီး သရဲကြောက်ရတယ်လို့ ဟားဟား!"

ရဝေဆိုသည့်လူက အောင်ထူး၏အဟားလည်း ခံရရော မျက်နှာရှုံ့မဲ့လျက် အိုက်ဒန်ကို ပြန်အကဲခတ်သည်။ အိုက်ဒန်က သူ့ကို စူးခနဲ ပြန်ကြည့်လိုက်တော့ လန့်သွားလေသည်။

" အဟမ်း! ဒါ ကျွန်တော့်အစ်ကိုတစ်ဝမ်းကွဲပါဗျာ့၊ ဒီလောက် မင်းသားချောချောနေတာကို ကိုရဝေပဲ လန့်"

" မင့်အစ်ကိုလား"

" ဟုတ်တယ်"

" ဪ..."

GARDENIA [Completed]Where stories live. Discover now