4.

4.9K 351 24
                                    

(Unicode)

ည၇နာရီအချိန်ဆိုလျှင် ကျောင်းက ကလေးများအဖွဲ့ဟာ မအိပ်ကြသေး။ ထိုအစား သူကြီးအိမ်ကို ရောက်လာကြပြီး ရွာလယ်၌ ပုံပြင်ပြောတိုင်း ကစားကြရန် အိုက်ဒန်ကို လာခေါ်သည်။ အိုက်ဒန်လည်း ပျင်းနေတာနှင့် သူတို့ခေါ်သည့်နောက်သို့ လိုက်သွားလိုက်သည်။

ငွေလက သာသည်။ မြို့ပေါ်၌ လျှပ်စစ်မီးတိုင်များ၏အောက်၌ ကစားရခြင်းထက် လရောင်အောက်မှာ ပြေးလွှာရခြင်းဟာ ပိုအေးချမ်း၏။ သို့ရာတွင် သူတို့လည်း ဝါးရုံနံဘေးရှိ ကွပ်ပျစ်ပေါ်၌ ထိုင်လိုက်ကြသည်။ ကျောင်းသားမိဘများထဲမှ တစ်ဦးကတော့ သူတို့အတူစားဖို့ ဆီထမင်းများထိုး၍ ရေနွေကြမ်းအိုးနှင့်အတူ လာချပေးသည်။

" ဆရာ ဆရာအိုက်ဒန် ဇာတ်တော်ကြီး ၁၀ဘွဲ့ဆိုတာ ဘာလဲဟင်"

" တေ၊ဇ၊သု၊နေ၊မ၊ဘူ၊စံ၊နာ၊ဝိ၊ဝေကို ပြောတာလေ"

" ဟင် ဘာကြီးတွေလဲ"

" တေဆိုတာ တေမိယဇာတ်တော်ကြီး၊ ဇဆိုတာ မဟာဇနကဇာတ်တော်ကြီး၊ သုဆိုတာ သုဝဏ္ဏသာမဇာတ်တော်ကြီး၊ နေဆိုတာ နေမိဇာတ်တော်ကြီး၊ မဆိုတာ မဟော်သဓာဇာတ်တော်ကြီး၊ ဘူဆိုတာ ဘူရိဒတ်ဇာတ်တော်ကြီး၊ စံဆိုတာ စန္ဒကုမာရဇာတ်တော်ကြီး၊ နာဆိုတာ နာရဒဇာတ်တော်ကြီး၊ ဝိဆိုတာ ဝိဓူရဇာတ်တော်ကြီး၊ ကဲ နောက်ဆုံးကျန်တဲ့ ဝေကတော့ ဝေဿန္တရာဇာတ်တော်ကြီးပေါ့"

" ဪ...ဟော ဟိုမှာ ဆရာရဝေ"

ကလေးတစ်ယောက်၏လှမ်းအော်လိုက်သံကြောင့် အိုက်ဒန်လည်း လှည့်ကြည့်လိုက်တော့ ကုက္ကိုပင်တစ်ဝိုက်၌ မည်သူ့ကိုမျှ မတွေ့။ သို့သော်ငြား အပင်ခြေရင်း၌ လုပ်လီလုပ်လဲ့ပြုနေသည့် လူရိပ်မဲမဲကို တွေ့လိုက်ရ၏။

" အဟက်...လာခွင့်ပြုပါတယ်၊ အဲ့ဒီမှာ ပုန်းနေစရာမလိုပါဘူး"

အိုက်ဒန်၏နောက်ဆုံးစကားကြောင့် ကုက္ကိုပင်နောက်မှ စောရဝေလည်း အံတင်းတင်းကြိတ်လိုက်မိပြီး

" ဘယ်သူက ပုန်းနေလို့လဲ"

သူ ထွက်လာလိုက်တော့ ကလေးတွေခမျာ ရွှင်ပြသွားပေမဲ့ အိုက်ဒန်ဆိုသည့် ဆံဝါနှင့်ကောင်ကတော့ သူ့ကို မဲ့ပြုံးပြုံးပြသည်။

GARDENIA [Completed]Where stories live. Discover now