8.

4K 281 24
                                    

(Unicode)

ထမနဲထိုးပွဲတော်ဟာ စည်ကားလျက် ရှိ၏။ ရွာ၏အလယ်၌ ကာလသားများ စုပြုံ၍ သူအပြိုင်ကိုယ်အပြိုင် အဖွဲ့အစည်းနှင့် ထိုးနေကြသည်။ မနက်ခင်း နေရောင်ခြည်အောက်၌ ညိုပြာသော အသားအရည်များဟာ ချွေးတရွှဲရွှဲနှင့်။ နံဘေး၌လည်း လက်ခုပ်လက်ဝါးတီးလျက် အားပေးနေကြသော မိန်းမပျိုလေးများ ရှိကြလေသည်။ ထိုသို့ ရွာလယ်၌ ရွာသူ၊ရွာသားများအားလုံး စုဝေးနေ၍ ဆူညံလျက် ရှိသည်။

စောရဝေဟာ ထိုသို့ ဆူညံပွက်လောရိုက်နေသည့် လူအုပ်ကြားမှ တစ်စုံတစ်ယောက်ကို လည်ဆန့်၍ ရှာမိသည်။ သူ ရှာနေတာ ကြာပေမဲ့ မတွေ့။ သူကြီးနား၌လည်း မရှိတာကြောင့် သူလည်း ရွာသူကြီးဘေးသို့ ဝေ့လည်​ကြောင်ပတ်နှင့် သွားရပ်နေလိုက်သည်။

" အော ရဝေပါလား၊ မင်းရော ဝင်မထိုးဘူးလား"

" မထိုးဘူး သူကြီး"

" အေး မင်း နှစ်တိုင်း ဝင်မထိုးဘူးနော်၊ လူကောင်ကလည်း ငါတို့ရွာသားနဲ့မတူလိုက်တာကွာ၊ ဖြူဖပ်ဖြူရော်နဲ့ ထိုးမနေပါနဲ့တော့၊ မင်းသူငယ်ချင်း ငါ့တူလည်း ငါ့နောက် လိုက်မလာဘူး၊ ကြည့်ရတာ နေမကောင်းဘူးထင်တယ်"

" ဪ...သူ အိမ်မှာလား"

" အင်း ဟုတ်တယ်၊ ဟေ့ ဟေ့ကောင် ဘယ်လဲ"

သူကြီးက လှမ်းအော်နေပေမဲ့ သူ လက်သာခါပြလိုက်သည်။ မနက်ကတည်းက ရှာမတွေ့ပါလားဟု တွေးနေမိတာ ဘယ်ဟုတ်မလဲ သူက သူကြီးနှင့် ပါမလာတာကိုး။ တဖြည်းဖြည်းနှင့် သူလည်း လူအုပ်နှင့် ဝေးလာပြီး တိတ်ဆိတ်နေသည့် သူကြီးအိမ်သို့ တစ်ယောက်တည်းရောက်လာခဲ့သည်။ အားလုံးက အိမ်ရှိလူကုန် ထမနဲထိုးပွဲရောက်နေကြ၍ သူကြီးအိမ်မှာလည်း လူမရှိကြ။ သူတို့ရွာမှာ သူခိုးသူဝှက်ဟူ၍လည်း မရှိတာကြောင့် အိမ်ဟောင်းလောင်းထားခဲ့လျှင်တောင် ပြဿနာမရှိ။

စောရဝေလည်း တံခါးဟောင်းလောင်းဖွင့်ထားသည့် သူကြီးအိမ်ထဲသို့ ဝင်လာလိုက်ပြီး အပေါ်ထပ်သို့ တက်လာခဲ့သည်။ ထို့နောက် အခန်းတွေကို လိုက်ကြည့်နေရင်း အိုက်ဒန်နေသည့် အခန်းရှေ့သို့ ရောက်လာခဲ့သည်။ အိုက်ဒန် တစ်ယောက်တည်းဘာများလုပ်နေမလဲဟု သိချင်စိတ်ဖြင့် ချောင်းကြည့်လိုက်တော့ သူကောင်းသားက သူ့ခုတင်ပေါ်၌ စာထိုင်ဖတ်နေတာ။ စာအုပ်ကလည်း မြန်မာစာအုပ်ဖြစ်ပုံမရ။ စာဖတ်နေရင်း စောရဝေ၏အသက်ရှူသံကို ကြားလိုက်လို့ထင် အခန်းဝသို့ ဖျတ်ခနဲ လှည့်ကြည့်လာပြီး

GARDENIA [Completed]Where stories live. Discover now