2.

5.9K 427 21
                                    

(Unicode)

တစ်နေ့၌ အိုက်ဒန်က ဧည့်ခန်းထဲမှာ တစ်ယောက်တည်း ဇာတ်ကားကြည့်နေတုန်း သော်စစ်ယံတစ်ယောက် ရောက်ချလာသည်။ သူ့မိဘများကလည်း မရှိကြ၍ သော်စစ်ယံက ဧည့်ခန်းထဲ၌ sex လုပ်ဖို့ တောင်းဆိုလာသည်။ ထိုသို့ လုပ်ဖို့က အိုက်ဒန်အတွက် အဆင်မပြေ။ အိမ်၌ အလုပ်သမားများလည်း ရှိသည်။ သူပြောလိုက်တော့ အိမ်ထဲမှ အလုပ်သမားတွေကို မောင်းထုတ်ခိုင်းသည်။ နောက်ဆုံး သူလည်း အလိုလိုက်လိုက်တော့ မဖြစ်သင့်သည့်ပြဿနာတွေ စဖြစ်တော့သည်။

( ခွပ်!)

" အဖေ့..."

သူ့အခန်းတံခါးကို ဝုန်းဒိုင်းတွန်းဖွင့်၍ ဝင်လာပြီး သူ့ကို ဆွဲထိုးလိုက်သည့် အဖေ။ အမေကလည်း အနောက်မှ ရောက်ချလာပြီး တငိုငို တရယ်ရယ်။

" မင်း အရမ်းမိုက်ရိုင်းစုတ်ပဲ့တဲ့ အကောင်ပါလား ဟျောင့်!"

( ခွပ်!)

" ဖေကြီးရယ်...စိတ်ထိန်းပါဦး"

" ငါ မင်းကို အတန်တန် ပြောထားလျက်နဲ့! မင်းမို့လို့ကွာ...တောက်! ပတ်ဝန်းကျင်အမြင်မှာ ငါတို့မျက်နှာကို ဘယ်နားသွားထားရမလဲ!"

ရုတ်တရက်ကြီး အော်ဟစ်သောင်းကျန်းနေသည့် အခြေအနေကို အိုက်ဒန် နားမလည်နိုင်။

" ဘာလို့လဲ အဖေ၊ ကျွန်တော့်ကို ဘာလို့ ထိုးတာလဲ"

" မင်း အခုမှ အူကြောင်ကြောင် လုပ်မနေနဲ့! ဟာကွာ! ငါ သတ်လိုက်ရ!"

" မလုပ်ပါနဲ့၊ ဖေကြီးရယ်..."

" မင်း ငါတို့မိဘတွေ မရှိတုန်း နေ့လည်က အိမ်မှာ ဘာတွေ ဖြစ်သွားလဲဆိုတာ မသိတာလား ဟမ်! ငါ မေးနေတယ်! ဟျောင့် မင်းဖြေ ဖြေ"

( ဖြောင်း! ဖြောင်း!)

သူ့မျက်နှာပေါ်သို့ ထပ်ဆင့်ကျလာသည့် ရိုက်ချက်တွေနှင့်အတူ သူ အဖေ့ကို တအံ့တသြ ကြည့်နေမိသည်။ သူတို့ နေ့ခင်းက ဘာတွေဖြစ်နေသလဲဆိုတာ သူ့အဖေက ဘယ်လိုများသိသွားခဲ့သလဲ။ အဖေ ဒေါသထွက်ပြီး ရိုက်တာက မနာသော်လည်း အမေ ငိုပြီး ကြည့်လာသည့် အကြည့်က နာသည်။

" မင်း! မင်းကို ငါ ဒီအိမ်မှာ ဆက်ထားလို့ မဖြစ်တော့ဘူး! မင်း ကိုယ့်အထုပ်ကိုယ် ပြင်ထားတော့"

GARDENIA [Completed]Donde viven las historias. Descúbrelo ahora