10.

4K 292 10
                                    

(Unicode)

" ကို..."

အခန်းထဲဝင်ခါနီး ဟိုဘက်အခန်းထဲမှ ပြေးထွက်လာသည့် သော်စစ်ယံဟာ သူ့နောက်ကြောမှ ​ပြေးဖက်လာတော့သည်။ အိုက်ဒန်လည်း မျက်စိပျက်မျက်နှာပျက်ဖြစ်သွားရပြီး သူ့လက်တွေကို ဖြုတ်ချ၍ သူ့ကို လှည့်ကြည့်လိုက်သည်။

" သော်စစ်ယံ ဒါ ငါ့ဘကြီးအိမ်နော်၊ ပြီးတော့ အခုချိန် အားလုံးအိပ်နေကြပြီ"

" ကို သော့်ကို ဘယ်လောက်ကြာအောင် ပစ်ထားဦးမို့လဲ၊ ရန်ကုန်မှာလည်း ဒီလိုတွေ လုပ်နေလို့ သော် ဘယ်လောက်စိတ်ထိခိုက်ရတယ်မှတ်လဲ၊ အခုလည်း သော့်မှာ ကိုနဲ့ နီးဖို့ ဒီလိုနေရာအထိ လိုက်လာပြီး အဆင်ပြေအောင် နေနေရတာ"

" မင်းကို ငါ လိုက်လာခိုင်းလို့လား"

" ကို! သော်တို့က သာမန်ပတ်သက်မှုမဟုတ်ဘူးနော်"

" ဟုတ်တယ်၊ ငါတို့က sex ပါတနာတွေ ဖြစ်ခဲ့ကြတယ်၊ ဒီထက် မပိုဘူး၊ အခုလည်း ငါ မင်းအပေါ် စိတ်ဝင်စားမှု ကုန်ခမ်းသွားပြီ၊ ကျေးဇူးပြုပြီး မင်း ငါ့သူငယ်ချင်းတစ်ယောက်လိုပဲ နေပေးပါ"

" ကို!"

သူ့ရှေ့မှာ ငိုယိုပြတော့မတတ်ဖြစ်နေသည့် သော်စစ်ယံကို ဂရုမစိုက်တော့ဘဲ ကိုယ့်အခန်းထဲကိုယ် ဝင်လာခဲ့လိုက်သည်။ သော်စစ်ယံ သည်ကိုရောက်လာတာ သူ့အတွက်တော့ ကောင်းဖွယ်မရှိ။ မြန်မာပြည်ရောက်မှ သူတစ်သက်မှာ တစ်ခါသာ ကြုံဖူးသည့်သော်စစ်ယံလို sex ပါတနာမျိုးနှင့် ကြုံခဲ့ရပြီး စောရဝေနှင့်တွေ့မှ ရာဇဝင်ထပ်ရိုင်းရပြန်သည်။

သူ တွေးနေပြီးရင်း ပြတင်းပေါက်တံခါးကို ဖွင့်လိုက်သည်။ အခုချိန် ည ၇နာရီလောက်ရှိမည်။ မြို့မှာဆိုလျှင် သည်အချိန်ဆိုတာ လူတွေ သွားလာလှုပ်ရှားလို့ကောင်းဆဲ။ တောအရပ်ဒေသမှာတော့ ပွဲတော်မရှိလျှင် ခြောက်ကပ်လျက် အိပ်ရာဝင်သူများလည်း ဝင်ကုန်ကြပြီ။ ထို့နောက် သူ ပြတင်းပေါက်မှတစ်ဆင့် ခုန်ဆင်းခဲ့လိုက်သည်။

အခုချိန်ဆို စောရဝေ အိပ်နေလောက်ပြီ။ သို့ပေမဲ့ သူ ကျောင်းရှေ့သို့ ရောက်တော့ ကျောင်းတံခါးပိတ်ထားပြီး အထဲမှာလည်း လူရှိပုံမပေါ်။ မီးအလင်းရောင်မရှိပေမဲ့ လကတော့ သာမြဲ။ ထိုစဉ် သူ ကျောင်းရှေ့၌ ရပ်နေတုန်း သူ့နောက်မှ ခြေသံတရှပ်ရှပ်ကြားလိုက်ရသည်။ သူ ချက်ချင်းလှည့်ကြည့်လိုက်တော့ သူ့ကို ရပ်ကြည့်နေသည့် စောရဝေနှင့် ဆုံသည်။

GARDENIA [Completed]Where stories live. Discover now