12.

4K 284 20
                                    

(Unicode)

မျက်စိရှေ့ရောက်နေသည့်လူကြောင့် စောရဝေ မျက်နှာတစ်ချက်ပျက်သွားမိသည်။ ထိုကောင်လေးမျက်နှာမှာ သူ့ကို သရော်သည့်အပြုံးတချို့ရှိ၏။ အိုက်ဒန်မပါဘဲ သူတစ်ယောက်တည်း ရောက်လာသည်ဆိုကတည်းက စောရဝေကို ပြဿနာရှာဖို့ကလွဲပြီး မဖြစ်နိုင်။

" မင်း ဘာကိစ္စရှိလို့လဲ"

" ဝမ်းနည်းနေတဲ့လူကို လာနှစ်သိမ့်တာလေ"

" ဘာကို..."

" အဟက်...ရူးချင်ယောင်ဆောင်နေတာလား၊ ဒါမှမဟုတ် အရှက်ကြီးရှက်နေတာလား၊ မမျှော်လင့်သင့်တဲ့လူကို မျှော်လင့်မိလို့လေ"

သူ့စိတ်ထဲ ဝေဝေဝါးဝါးဖြစ်သွားမိသည်။ သူနှင့်အိုက်ဒန်၏ပတ်သက်မှုကို သည်ကောင်လေး သိနေတာလား။ မဟုတ်မှ အိုက်ဒန်ကပဲ အသိပေးလိုက်တာလား။

" ရှည်ရှည်ဝေးဝေး စဉ်းစားမနေပါနဲ့၊ ကိုကိုယ်တိုင် သော့်ဆီ ဝန်ခံထားတာ၊ ကိုကလည်း မင်းလိုလူနဲ့ ထပ်ပတ်သက်တော့မှာ မဟုတ်ဘူး၊ သော်မရှိတုန်းခဏ မင်းဆီ သာယာနေတာ၊ မင်းလိုတောသားကတော့ သိပ်ပျော်နေမှာပေါ့"

" မင်း! အခုချက်ချင်း ငါ့ရှေ့က ထွက်သွား၊ မင်းတို့ကိစ္စ ငါ စိတ်မဝင်စားဘူး၊ ငါနဲ့လည်း မဆိုင်ဘူး"

" သေချာလို့လား အဟက်..."

စောရဝေ အလွန်ဒေါသထွက်မိသည်။ နောက်ပြီး ရှက်လည်း ရှက်သည်။ အရှေ့က သော်စစ်ယံ၏စကားလုံးတွေကိုလည်း သူ မခံနိုင်။ သူ့လိုလူအတွက် အိုက်ဒန်က မဖြစ်တည်နိုင်ဘူးဆိုတာ သူ သိိထားလျက်နှင့် ချစ်ခဲ့မိတာဖြစ်သည်။ သို့ပေမဲ့ သူ့သိက္ခာကိုတော့ အထိပါးမခံနိုင်ပါ။

" အာ့"

ရုတ်တရက် သူ့ရှေ့မှာ မတ်တတ်ရပ်နေရင်း နောက်ပြန်လဲကျသွားသော သော်စစ်ယံကြောင့် သူ ကြောင်သွားမိသည်။

" မင်းတော်တော်အကျင့်ပုတ်တာပဲ၊ ငါ ဒါလေးပြောတာကို ငါ့ကို တွန်းချရလား၊ ဟင့် ကလေးတွေကို စာသင်တဲ့ကျောင်းဆရာတဲ့၊ အတွင်းပုတ်ကောင်"

" ဒီမှာ ဘာတွေဖြစ်နေတာလဲ"

ထိုစဉ် သူ့နောက်ကျောဘက်မှ ထွက်လာသော အိုက်ဒန်၏အသံကြောင့် သူ လန့်သွားရသည်။ အိုက်ဒန်ကို သူ လှည့်ကြည့်လိုက်တော့ အိုက်ဒန်ကလည်း သူတို့နှစ်ယောက်၏အခြေအနေကို နားမလည်သလို ကြည့်နေ၏။

GARDENIA [Completed]Tempat cerita menjadi hidup. Temukan sekarang