13.

4.5K 298 45
                                    

(Unicode)

တိတ်တဆိတ်လှည့်ပြန်လာသည့် သူ့နောက်မှ ခိုးကြောင်ခိုးဝှက်လိုက်လာသူက သော်စစ်ယံဖြစ်သည်။ အိုက်ဒန်က အနောက်မှ လူလိုက်လာတာသိပေမဲ့ သူ့အာရုံထဲ သိပ်ရှိမနေ။ သူ့ပြန်လမ်းတစ်လျှောက်လုံး စောရဝေ၏အကြောင်းကိုသာ တွေးနေမိသည်။ သူ့ဘက်က ဘယ်လိုရှေ့ဆက်ရမလဲဆိုတာ ကြံဆမရဖြစ်နေ၏။

" သူက အိုက်ဒန်ကို အာရုံထဲမှာ ရှိပုံမရဘူးနော်"

ကိုယ့်အတွေးတွေနှင့်ကိုယ် ယောက်ယက်ခတ်နေသော သူ့ကို သော်စစ်ယံကတော့ ဘေးမှ စကားနာလာထိုးသည်။ သူ ကျစ်ခနဲ စုတ်သပ်လိုက်မိပြီး

" အဲ့တာ မင်းနဲ့မဆိုင်ဘူး၊ မင်း ဘာတွေကြံစည်နေသလဲဆိုတာ ငါ မသိဘူးများမှတ်နေလား"

" သိနေတယ်ဆိုရင်လည်း သန်ဘက်ခါ သော်နဲ့အတူ ရန်ကုန်ကို ပြန်လိုက်ခဲ့လိုက်လေ၊ အိုက်ဒန်ကသာ သူ့ကိုချစ်နေတာ သူကတော့ ဟိုမိန်းမနဲ့ သာယာနေတာ မမြင်လို့လား"

" မင်း! မင်း ပါးစပ်ကို ပိတ်ပြီး ငါနဲ့ ခပ်ဝေးဝေးကို လွင့်လိုက်တော့"

" အိုက်ဒန် သော့်ကို အဲ့လိုဆက်ဆံတဲ့အတွက် နောင်တရစေရမယ်"

ပြောပြီး သူ့ကို နာနာကြည်းကြည်း​ကြည့်၍ လှည့်ထွက်သွားသော သော်စစ်ယံကြောင့် သူ ဘေးက မြက်တွေကို ခြေထောက်နှင့် ပြေးကန်လိုက်မိသည်။

" တောက်!"

သူ အိမ်ပြန်ရောက်လာတော့ သော်စစ်ယံက နောက်နေ့မှာ ရွာက ထွက်သွားရန် အထုပ်အပိုးတွေ ပြင်နေသည်။ ကျန်သည့်လူတွေကလည်း မတားသလို အိုက်ဒန်လည်း စိတ်ရှုပ်နေ၍ နေသာသလိုသာ နေလိုက်သည်။ သော်စစ်ယံ ပြန်သွားတာပဲ ကောင်းသည်။ မဟုတ််လျှင် သူ ဆက်ပြီး သည်းခံနိုင်မှာမဟုတ်။

ညရောက်တော့ အောင်ထူးတို့က တစ်ဖက်ရွာမှ ဂစ်တာတစ်လုံးငှားလာပြီး ဂီတာတီးလေ့ကျင့်ကြသည်။ အကြောင်းကား အောင်ထူးဟာ နောက်နေ့ကျ ကျီးကန်းရွာက ကွမ်းတောင်ကိုင်လေးကို သွားပိုးမှာ ဖြစ်သည်။ ထို့နောက် ရွာလယ်၌ ကာလသားများ စုကြပြီး သောက်ကြစားကြ၊ သီချင်းအော်ဆိုကြနှင့် အိုက်ဒန်လည်း ထိုအထဲ၌ ရှိနေသည်။ ထိုအချိန် စောရဝေကလည်း သူတို့ရှိနေရာသို့ ရောက်လာလေသည်။

GARDENIA [Completed]Where stories live. Discover now