1.

16.5K 562 24
                                    

(Unicode)

နာမည်ကြီး cambridge gay club ဖြစ်သည့် dot cotton ၏ မြူးကြွကြွ DJ အောက်မှာ ယောကျ်ားသားများအားလုံး ဟော့နေကြသည်။ အသားအရောင်၊ အရပ်ကွားခြားမှုတို့ ရှိနေသည့်တိုင် ကိုယ်ပိုင်ခံယူချက်နှင့် ရပ်တည်ချက်တို့ကို ဤနေရာ၌ လွတ်လပ်စွာ ပေါက်ထွက်ပြကြ၏။

ထိုအထဲ၌ Cambridge တက္ကသိုလ်၏ နောက်ဆုံးနှစ် ကျောင်းသားများ ဖြစ်ကြသော အိုက်ဒန်နှင့် ဒေးဗစ်တို့နှစ်ယောက်ဟာလည်း စည်ကားမြူးကြွသည့် ဤ club ကို ရောက်နေကြသည်။ လေးနှစ်ကျော်ပေါင်းလာခဲ့သည့် သူငယ်ချင်းတွေထဲမှာ အိုက်ဒန်နှင့် အနောက်နိုင်ငံသားစစ်စစ် လူမဲ ဒေးဗစ်တို့က ဂေးဟု အဓိပ္ပာယ်ရသော ယောကျ်ားချင်းချစ်နှစ်သက်ကြသူများ ဖြစ်ကြသည်။ သို့ရာတွင် ဒေးဗစ်ကတော့ အချစ်ကို အဓိက ဦးစားပေးသူဖြစ်ပြီး အိုက်ဒန်ကတော့ လိင်ပိုင်းဆိုင်ရာကိုသာ တိမ်းညွတ်သူတစ်ယောက်။

အိုက်ဒန်ကတော့ မြန်မာနိုင်ငံဖွား မြန်မာလူမျိုးစစ်စစ်။ အိုက်ဒန်၏ မိဘများဟာ မြန်မာ့ယဉ်ကျေးမှုနှင့် ရိုးရာထုံးတမ်းများကို လေးစားခုန်မင်သူများ ဖြစ်ကြသည်။ သို့ဖြစ်၍ အိုက်ဒန်ဟာ U.K မှာ ကျောင်းတက်မည်ဆိုသည့် အကြောင်းပြချက်နှင့် စည်းကမ်းကြီးသည့် မိဘများ၏ လက်အောက်မှ ကိုယ်လွတ်ရုန်းလာခဲ့တာ ဖြစ်သည်။ U.K ကို ရောက်တော့လည်း ဒေးဗစ်၏ အကူအညီများနှင့် ပွေသည်။ ရှုပ်သည်။

" ငါ့ကောင်လေး လာနေပြီ၊ မင်း ဒီမှာပဲ စောင့်နေမယ်မလား အိုက်ဒန်"

ဒေးဗစ်ဟာ သူ့ချစ်သူကို တွေ့လိုက်ရတော့ ချက်ချင်း ပျော်မြူးသွားပြီး သွားတန်းညီညီများ ဖွေးခနဲ ပေါ်လာသည်အထိ ရွှင်လန်းသွားရှာသည်။ အိုက်ဒန်ဘက်သို့ လှည့်ကြည့်၍ ပြောလာတော့ အိုက်ဒန်လည်း ဘီယာခွက်ကို သူ့ရှေ့မြှောက်ပြလျက် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ဦးခေါင်းထက်က ခပ်ထူထူ ရွှေဝါရောင်ဆံပင်များအား ဆွဲဖွလိုက်ပြီး bar ၏အုတ်နံရံကို ခပ်လျော့လျော့ မှီချလိုက်သည်။ အရပ်ရှည်ရှည်ပိန်ပိန်နှင့် အုပ်မှိုင်းမှိုင်း ဖြစ်နေသည့် သူ့ပုံစံဟာ နေဗီပြာ စလိုက်မီးများအောက်၌ သံလိုက်ဓာတ်ပါသည့် အခိုးအငွေ့များကဲ့သို့ပင်။

GARDENIA [Completed]Tempat cerita menjadi hidup. Temukan sekarang