6.

4.3K 321 14
                                    

(Unicode)

သူ အမူးပြေပြီး ပြန်နိုးလာလျှင်တော့ နေ့လည်က ဖြစ်ခဲ့သမျှ ကိစ္စတွေကို မေ့သွားလောက်မည်ဟု ထင်ထားခဲ့သော်လည်း ထိုသို့ဟုတ်မနေ။ ည ၈နာရီလောက်ကတည်းက စောရဝေဟာ တစ်ရေးနိုးနှင့်နေပြီး သူ နိုးလာလျှင် စားဖို့ တစ်ခုခုပြင်ဆင်ထားရသည်။ သူ ပြင်ဆင်လို့ ပြီးတော့ အိုက်ဒန်ကို နှိုးရန် ပြင်လိုက်သော်လည်း အိုက်ဒန်က နိုးနေလေ၏။

" လာ ဒီမှာ ထမင်းစားသွား၊ ပြီးကျရင် သူကြီးအိမ်ကို ပြန်တော့၊ မင်း ဒီမှာ လာနေနေတာများရင် သူတို့ ရိပ်မိကုန်လိမ့််မယ်"

" ဘာကိုရိပ်မိရမှာလဲ စောနန်း၊ ယောကျ်ားလေးနှစ်ယောက်အတူရှိနေတာလေ"

" ဘာ! မင်း အခုချိန်အထိ အဲ့ဒီလို ခေါ်တုန်း!"

" ဟုတ်တယ်လေ၊ စောနကလည်း အဲ့ဒီလို ခေါ်တာပဲမလား"

" မင်း! အိုက်ဒန် မင်း ငါ့ကို လူရှေ့သူရှေ့မှာ အဲ့ဒီလိုမခေါ်နဲ့"

" ဒါတော့ ငါ နားလည်တယ်"

" နားလည်ရင် မြန်မြန်လာစားပြီး မြန်မြန်ပြန်တော့"

ဆောင့်ကြီးအောင့်ကြီးနှင့် သူ ပြောလိုက်တော့ အိုက်ဒန်က သူ့ကို မမှိတ်မသုန်စိုက်ကြည့်ရင်း သူ့အရှေ့ကို တိုးကပ်လာသည်။ သူလည်း လန့်သွားမိ၍ ငြိမ်ကျသွားသည်။ သူ ဘာများထပ်လုပ်ဦးမလို့လဲ။ နေ့လည်က ဖြစ်ခဲ့တာနှင့်တင် စောရဝေ တစ်ကိုယ်လုံးထုံထိုင်းနေလေပြီ။

" စောနန်း..."

" အင်း"

စောရဝေသည် သူ့ကို မော့ပင်မကြည့်လာတော့ဘဲ ငြိမ်ကုပ်နေရှာ၏။ စောရဝေက အရင်တုန်းကလို မဟုတ်။ အခုနောက်ပိုင်း သူ့စိတ်အလိုကို လိုက်ပေးလာပြီး သူ ဘာလုပ်လုပ်အထွတ်မတတ်တော့ပေ။ သူလည်း စိုက်ကြည့်နေရင်း နီစပ်စပ်ပါးပြင်ကို တစ်ချက်ဖိနမ်းလိုက်မိသည်။ ထိုအခါကျမှ စောရဝေက သူ့ကို မျက်လုံးလေးကလယ်ကလယ်ဖြင့် ပြန်မော့ကြည့်၏။ သူလည်း ထပ်မံ၍ နီစွေးစွေးမထူမပါးနှုတ်ခမ်းသားများကို နမ်းစုပ်လိုက်မိသည်။

" တော်ပြီ အမ်း...မနမ်းနဲ့၊ ငါ့နှုတ်ခမ်းကို"

" ဘာလို့လဲ"

GARDENIA [Completed]Waar verhalen tot leven komen. Ontdek het nu