(Final)

7.2K 342 8
                                    

(Unicode)

အောင်ထူးတို့အဖွဲ့ ကျီးကန်းရွာသို့ မိန်းမသွားခိုးသောညတွင် ဖြစ်သည်။ အောင်ထူးတို့အဖွဲ့ဆို၍ သည်ရက်အတွင်း တစ်ယောက်နှင့်တစ်ယောက် မသိမသာရှောင်နေသော အိုက်ဒန်နှင့်စောရဝေလည်း သည်ည၌ ရှောင်လို့ မရတော့။ ကျီးကန်းရွာသို့ ၂ဖွဲ့ခွဲ၍ ဝင်ကြရာတွင် အောင်ထူးနှင့် ကျော်မြိုင်တို့က တစ်ဖွဲ့။ အိုက်ဒန်နှင့်စောရဝေကတော့ လမ်းကြောင်းပြောင်း၍ ရှောင်ပြေးရန် တာဝန်ကျထားသည်။

သို့ရာတွင် ပြဿနာကား စောရဝေအား အမျိုးသမီးလို ဝတ်စားခိုင်းထားတာ ဖြစ်သည်။ ခေါင်းပေါ်၌ ခြုံလွှာကြီးအုပ်လျက် ကိုယ်၌ မြန်မာဝတ်စုံကြီး ဝတ်စားထားရပြီး အိုက်ဒန်၏လက်တစ်ဖက်အား ချိတ်ထားရသေးသည်။ ထိုတာဝန်ကို ပေးအပ်တုန်းက သူတို့နှစ်ယောက်လုံး ငြင်းဆန်ခဲ့သော်လည်း ရွာသူကြီးက မဲလိပ်လိပ်၍ ဆုံးဖြတ်ပေးသည့်အခါ ကံဆိုးစွာ ထိုတာဝန်က တန်းတန်းမတ်မတ်ရောက်လာတော့သည်။

လ၏အလင်းရောင်မှလွဲ၍ မည်သည့်အလင်းရောင်မျှမရှိတာကြောင့် တိတ်ဆိတ်မှောင်မိုက်နေသောအချိန်တွင် တစ်ယောက်ရင်ခုန်သံတစ်ယောက် ကြားနေရ၏။ အိုက်ဒန်က ရွာအခြေအနေကို စူးစမ်းနေသော စောရဝေ၏မျက်လုံးလေးများကိုသာ ငေးကြည့်နေမိသည်။ သူ့ရင်ထဲက ခံစားချက်များဟာလည်း ပို၍ပြင်းပြလာသည်။

သိပ်မကြာခင် အတောအတွင်း၌ အဝေးမှ ကျော်မြိုင်တို့အဖွဲ့က မီးတုတ်ဖြင့် အချက်ပြလာသည်။

" သူခိုး! သူခိုးဗျို့! မိန်းမခိုးတာဗျို့"

ကျော်မြိုင်၏အသံနက်ကြီးကြောင့် တစ်ရွာလုံးလည်း နိုးလောက်မည်။ ထိုရွာ၏ကာလသားများကတော့ ကျော်မြိုင်ညွှန်ပြသည့်ဘက်သို့ ဘာမ​သိညာမသိဖြင့် ပြေးလိုက်သွားကြသည်။ ကျော်မြိုင်ညွှန်ပြလိုက်သည့်နေရာက အိုက်ဒန်တို့ပြေးထွက်သွားသော ထီပိန်းချောင်းဘက်၊ ဇီဇဝါပင်များရှိသောနေရာဖြစ်သည်။ အိုက်ဒန်က စောရဝေ၏လက်ကောက်ဝတ်အားဖမ်းဆွဲ၍ ပြေးရာတွင် ရွာသားတချို့ကလည်း အနောက်မှ အသည်းအသန် အမီပြေးလိုက်ကြသည်။ သို့ပေမဲ့ အိုက်ဒန်က သူတစ်ဦးတည်းအကြံအစီအရ မျက်ခြည်ဖြတ်ပစ်လိုက်သည်။

You've reached the end of published parts.

⏰ Last updated: Sep 19, 2022 ⏰

Add this story to your Library to get notified about new parts!

GARDENIA [Completed]Where stories live. Discover now