My Sweet Revenge
Yoongi သူ့ရဲ့အရှေ့ရှိ ကော်ဖီကို တစ်ကျိုက်ချင်း အရသာခံသောက်ရင်း ဆိုင်အပေါ်ထပ် မှန်ပြတင်းမှ ဆီးမြင်နေရသော လမ်းမြင်ကွင်းကို ငေးကြည့်နေမိသည်။
ပျားပန်းခတ်မျှ လှုပ်ရှားသွားလာနေသူတို့ကို ကြည့်နေရင်းနှင့် မျက်စိပင်မူးလာသောကြောင့် အကြည့်တို့ကို ပြန်ရုတ်သိမ်းလိုက်ကာ ဆိုင်တွင်းအပြင်အဆင်ကို လေ့လာကြည့်မိလိုက်သည်။
မဆိုးပါဘူး။
အရောင်မှိုင်းမှိုင်းဖြစ်အောင် ပြင်ထားတာရယ်၊
နံရံပေါ်က ဝါကျင်ကျင်မီးလုံးလေးတွေရယ်၊
အဝါနုရော်ဆိုဖာပေါ်မှာ အညိုရောင် ကူရှင်တွေတင်ထားတာရယ်၊
ခန်းဆီးတွေကလည်း ဇာညိုပါးပါးဆိုတော့
ဆိုင်အပြင်အဆင်က vintageဆန်နေသည်။တီးလုံးသံ ခပ်အေးအေးလေးဖွင့်ပေးထားရင် ပိုကောင်းမယ်။
စန္ဒယားသံပဲဖြစ်ဖြစ်။
တယောသံပဲဖြစ်ဖြစ်။
ဒါမှမဟုတ် သဘာဝအသံလိုမျိုး ရေစီးနေသံလိုမျိုး၊ လှိုင်းပုတ်နေသံလိုမျိုး၊ ဒါမှမဟုတ် သစ်ရွက်လေတိုးသံလိုမျိုး ခပ်သဲ့သဲ့ကြားရတဲ့ဟာလေးဖွင့်ပေးထားရင် ပိုအဆင်ပြေမယ်။သူဌေးရပ်ကွက်တွင်ရှိသော ကော်ဖီဆိုင်မို့ လာရောက်သူအားလုံးမှာ အေးဆေးသက်သာရှိကြသည်။
အရမ်းဆူညံနေတာမျိုးမဟုတ်သောကြောင့် သူ သဘောကျမိသည်။
"ငါလဲ ဒါမျိုးလေးတစ်ဆိုင်လောက် ကိုယ့်ဟာကိုယ် ဒီဇိုင်းဆွဲပြီး ထောင်ရင်ကောင်းမယ်"
ဟုတွေးနေမိသည်။ထိုအချိန် သူ့အနောက်နားမှ အလောတကြီးလျှောက်လာနေသော ဒေါက်မြင့်ဖိနပ်ခွာသံ တဒေါက်ဒေါက်ကိုကြားလိုက်ရသည်မို့ သူ အသာပြုံးလိုက်မိရင်း လက်ထဲရှိ ကော်ဖီခွက်ကို စားပွဲပေါ်သို့ ပြန်ချထားလိုက်ကာ ကုလားထိုင်နောက်ကျောကို ခပ်လျှောလျှောမှီထိုင်လိုက်ရင်း လက်အစုံကို ရင်ဘတ်အရှေ့တွင်ပိုက်ထားလိုက်သည်။
ESTÁS LEYENDO
My Sweet Revenge
Fanfic"ယောက်ျားလေးတစ်ယောက် Omegaဖြစ်တာ ရှက်စရာမဟုတ်ဘူးလို့ ခံယူထားပေမယ့် ခင်ဗျားအတွက် ကျွန်တော့်ဖြစ်တည်မှုကို ဘဝမှာ ပထမဆုံးမုန်းတီးမိခြင်းပဲ" Min Yoongi "နေရာမရှိပါဘူးလို့ပြောထားရက်နဲ့ ဇွတ်တိုးဝင်တာတော့ မင်းအပိုင...