Beginning of Pain..... I

305 42 20
                                        

My Sweet Revenge

နောက်တစ်နေ့  Hoseokအိပ်ရာကနိုးတော့ ဘေးနားက အိပ်ရာမှာ သပ်သပ်ရပ်ရပ်ခေါက်ပြီးသားဖြစ်နေသည်ကိုတွေ့လိုက်ရသည်


"အစောကြီးနိုးနေတာလား???...ခါတိုင်း ဒီအချိန် သူအိပ်ရာကမထတတ်ပါဘူး...ငါနှိုးမှပဲ သူနိုးတတ်တာပါ....."


သူ အိပ်ရာကို အမြန်သိမ်းပြီး အခန်းအပြင်ထွက်လိုက်တော့ အရိုးခိုက်အောင် အေးသောလေက ဆီးကြိုနေသည်မို့ အခန်းထဲတစ်ခေါက်ပြန်ဝင်ကာ အနွေးထည်ထူထူတစ်ထည်ကိုထပ်ဝတ်လိုက်ရသည်


"အား.…အေးလိုက်တာ!!!ဒီလောက်အေးနေတာကို ဒီကောင်က ဘာလို့ အစောကြီးထသွားရတာလဲ??"

အတွေးနှင့်အတူ သူ မျက်နှာသစ်ရန် ရေကန်ရှိရာဆီလာတော့ ချယ်ရီပင်ကြီးအောက်တွင် ရှိသော ပုံရိပ်နီနီသေးသေးကို နှင်းမှုန်မှုန်ကြားတွင် တွေ့လိုက်ရသောကြောင့်


"ဘာလဲဟ...."

သရဲလား????


သူတွန့်ဆုတ်တွန့်ဆုတ်နှင့် အရှေ့ထပ်တိုးကြည့်လိုက်တော့
ခုံတန်းပေါ်ဝယ် ဒူးနှစ်ဖက်ကို လက်နှင့်ခပ်ဖွဖွပိုက်ရင်း ဒူးပေါ် မျက်နှာလေးစောင်းတင်ထားသော Yoongiကို တွေ့လိုက်ရသောကြောင့် စောစောက မပွင့်တစ်ပွင့်ဖြစ်နေခဲ့သော သူ့မျက်လုံးအစုံတို့ ပြူးကျယ်သွားရသည်

"ရူးနေတာလားဟ!!!!ဒီလောက် နှင်းတွေကျပြီး သွေးခဲမလောက်အေးနေတဲ့ဟာကို မင်းက အဲ့ဒီ့မှာ ဘာထိုင်လုပ်နေတာတုန်း!!!!Min Yoongi!!!"

သူ အော်ဟစ်ရင်း Yoongiရှိရာဆီအပြေးသွားမိသည်
အနားကိုရောက်တော့ သူ့အော်သံကြောင့် မော့ကြည့်လာသော အကောင်ငယ်

မျက်တောင်နှင့်ဆံပင်တို့တွင် နှင်းဖတ်များကပ်လျှက်... ထိုအောက်တွင်ကား ဘာအရိပ်အယောင်မှမရှိသော မျက်ဝန်းသေများ

My Sweet Revenge Tempat cerita menjadi hidup. Temukan sekarang