My Sweet Revenge
ဒီလိုပုံစံအတိုင်းဆက်သွားနေရင်တော့ ဘယ်လိုနည်းနဲ့မှ အဆင်မပြေနိုင်ဘူး
ငါလိုချင်တာ ဒီလိုဘဝမျိုးမှမဟုတ်ဘဲ
ငါ အပိုင်ရမှဖြစ်မယ်
ငါ့ကလေးကသာ တစ်ဦးတည်းသော ဆက်ခံသူဖြစ်ရမယ်
ဒီလိုဝေမျှပြီး မနေနိုင်ဘူး
နောင်တစ်ချိန်မှာ အရှုပ်တွေဖြစ်လာရင် ရှင်းရပိုခက်သွားမယ်
ဘာလို့ အစောကြီးကတည်းက ငါ့အပိုင်ဖြစ်ပြီးသားကို လာလာလုနေရတာလဲ Min Yoongi
နင်က တကယ့်ကို အရှုပ်ထုပ်ပဲသိလား
နင်ကိုက မွေးဖွားမလာခဲ့သင့်တာ
နင့်ကလေးဆို ပိုဆိုးပေါ့
အခုတောင် Namjoonက မစွန့်ပစ်နိုင်ရင်
ကလေးမွေးပြီးသွားရင် ပိုဆိုးလိမ့်မယ်
ကလေးကိုအကြောင်းပြပြီး အမျှင်ပြတ်တော့မှာကိုမဟုတ်ဘူး
ငါ ဘယ်လိုလုပ်ရမလဲ
ငါ ဘယ်လိုလုပ်ရမလဲအတွေးများဖြင့် ယောက်ယက်ခတ်ရင်း သူမ ပူလောင်နေရသည်။
သူတို့ မျက်နှာချင်းဆိုင်စုံပြီးဆွေးနွေးခဲ့ကြသော်လည်း အဖြေ အပြိ်းအပြတ်မထွက်နိုင်ဘဲ ဝေ့လည်လည်ဖြင့်ရှိနေသည်မှာ တစ်ပတ် ခန့်ပင်ကြာမြင့်လာခဲ့ပြီ။
ဒီအတောအတွင်း ကိုယ်ဝန်ကိုအကြောင်းပြကာ Namjoonကို အနားတွင်သာနေစေသည်။
သို့သော် မည်သည့်အချိန်အထိ သူမဆွဲထားနိုင်ပါမည်နည်း။
အချိန်တွေဒီ့ထက်ပိုကြာမလာခင် သွေးတွေလဲ ပိုအေးမသွားခင် သူမ တစ်ခုခုလုပ်မှကိုဖြစ်လိမ့်မည်။
မဟုတ်လျှင် သူမ တစ်ဘဝလုံးစိတ်ကူးထားသမျှ ဆုံးရှုံးလိုက်ရလိမ့်မည်။ကျစ် နင်က တကယ့်ကို အရှုပ်ထုပ်ပဲ Min Yoongi
ငယ်ငယ်ထဲက ငါကြံစည်သမျှကို နင်ပဲ လိုက်ဖျက်စီးနေခဲ့တာ
အခုတော့ နင့်ကို လွှတ်ထားမပေးနိုင်တော့ဘူး
أنت تقرأ
My Sweet Revenge
أدب الهواة"ယောက်ျားလေးတစ်ယောက် Omegaဖြစ်တာ ရှက်စရာမဟုတ်ဘူးလို့ ခံယူထားပေမယ့် ခင်ဗျားအတွက် ကျွန်တော့်ဖြစ်တည်မှုကို ဘဝမှာ ပထမဆုံးမုန်းတီးမိခြင်းပဲ" Min Yoongi "နေရာမရှိပါဘူးလို့ပြောထားရက်နဲ့ ဇွတ်တိုးဝင်တာတော့ မင်းအပိုင...