Beginning of the pain (II)

315 43 37
                                        

My Sweet revenge

"Yoonie...မုန့်သွားစားကြမယ်လေ"

"သွားနှင့်ကြ....ငါ ဒါလေး ပြီးအောင်ဆွဲလိုက်ဦးမယ်..."

Hoseokအမေးကို ခေါင်းပင်မမော့ဘဲ ဖြေလိုက်ကာ သူဆွဲလက်စ ပုံကိုသာ အာရုံစိုက်နေသည်မို့ ရပ်စောင့်နေကြသော ကျန်တဲ့သူများကို Hoseokအားနာလာရသည်မို့ ဆက်မခေါ်တော့ဘဲ

"မြန်မြန်ဆွဲပြီး လိုက်လာခဲ့နော် ငါတို့ ဟိုမှာစောင့်နေမယ်"
ဟူ၍ပြောလိုက်တော့ အဖြေအဖြစ် အင်းတစ်လုံးနှင့်အတူ ခေါင်းညိမ့်ပြမှုတစ်ခုကို လက်ခံရရှိလိုက်သည်

Hoseokတို့လဲ ထွက်သွားရော အောက်သို့ခေါင်းငုံ့ထားသော ကောင်လေးမှာ ခေါင်းလေးပြန်မော့လာရင်း နံဘေးရှိ ပြတင်းတံခါးမှတစ်ဆင့် လှမ်းမြင်နေရသော ခေါင်မိုးနီနီဆီသို့ တမေ့တမောငေးနေပြန်သည်

ဒီအချိန်ဆို  Hyungဘာလုပ်နေလောက်မလဲ?
Jimin Hyungနဲ့  ထမင်းပဲသွားစားနေမလား?
ဒါမှမဟုတ်  အခန်းထဲမှာပဲ စာအုပ်များဖတ်နေမလား 
ဒီအချိန်ဆို အခန်းထဲမှာ လူရှင်းနေလောက်ပြီဆိုတော့  အခန်းထဲမှာပဲရှိလောက်တယ်
တိရလိုက်တာ Hyungရယ်......
တွေ့ချင်လိုက်တာ.....
ဘယ်လောက်ပဲ ရှောင်ပေးပါ့မယ်လို့  ကျွန်တော်ကြွေးကြော်ထားထား 
တကယ်တမ်းကျ  ခက်လိုက်တာ.....
မတွေ့အောင်ရှောင်ရတာ ဘယ်လောက်ပင်ပန်းတယ်မှတ်လဲ....
ဟင်!!!!
နှစ်လပြည့်တော့မယ်
Hyungရှေ့ရောက်မလာတာ နှစ်လတောင်ရှိတော့မယ်...
သတိရော ထားမိရဲ့လား Hyung....

တွေးတို့မဆုံးခင်မှာပင် မျက်ရည်တို့ဝဲတက်လာသောကြောင့် မျက်တောင်တို့ကို ခပ်မြန်မြန်ခတ်ပစ်လိုက်ကာ သိမ်းဆည်းလိုက်သည်

My Sweet Revenge Donde viven las historias. Descúbrelo ahora