5.5 Beginning of a war????

386 50 21
                                        

My Sweet Revenge

Austin ဖအေဖြစ်သူကို ခွင့်တောင်းပြီးနောက် စောနက ဖြတ်လျှောက်လာရင်းတွေ့ခဲ့ရသော သန့်စင်ခန်းဆီသို့ အမြန်ပြေးသွားမိသည်


မပြေးလို့လဲမရတော့ချေ
ရှူရှူးက ထွက်ကျတော့မည်မဟုတ်လား
လေယာဥ်ပေါ်မှာ စိတ်အလှုပ်ရှားလွန်ပြီး အချိုရည်တွေအများကြီးသောက်ခဲ့မိသည်ကိုး

နောက်ပြီး Daddyမသောက်သော အချိုရည်ကိုပင် ကပ်သောက်လိုက်သေးတော့ ပေါက်ချင်လာပြီပေါ့


သန့်စင်ခန်းထဲသို့ရောက်ပြီး ရှူးပေါက်ရန် ဘောင်းဘီဇစ်ဆွဲချခိုက်


Oh god!!!!
ဘုရားသခင်!!
ဇစ်ကကျပ်နေတယ်

လက်ချောင်းရှည်ရှည်တို့ကို အားကုန်သုံးပြီးဆွဲချကြည့်ငြား မရ

ခက်ချေပြီ
အကူအညီတောင်းရန် ဘေးဘီဝဲယာကိုကြည့်လိုက်မိတော့လည်း မည်သူမျှမရှိ
သန့်စင်ခန်းတစ်ခုလုံး သူတစ်ဦးတည်းသာ

ကိုရီးယားလူမျိုးတွေက အိမ်သာမတက်ကြဘူးလားဟု ပေါက်ပေါက်ရှာရှာတွေးရင်း ဒူခေါင်းလေးနှစ်ဖက်ကိုပူးကာ ဂွကြားကို လက်နှင့်ဖိထားရင်း Daddyကို ပြန်ခေါ်ရင်ကောင်းမလားဟုတွေးမိသည်

တစ်ခါမျှ ဤကဲ့သို့မဖြစ်ဖူသောကြောင့် ခေတ္တမျှ ပြာသွားမိသည်

သို့သော် Daddyကို not a kid anymoreဟုပြောခဲ့သည်ကတစ်ကြောင်း
ယခု ဖုန်းခေါ်လိုက်လျှင် အထုတ်တွေနှင့် မနိုင်မနင်းဖြစ်ကာ စိတ်ပူစွာပြေးလာမည့် Daddyကို စိတ်မချသည်ကတစ်ကြောင်း
ကိုယ့်အားကိုယ်ကိုးလိုသည်ကတစ်ကြောင်
အကြောင်းကြောင်းတို့ကြောင့် မိမိဘာသာပဲ လုပ်ရန် ဆုံးဖြတ်လိုက်သည်

My Sweet Revenge Opowieści tętniące życiem. Odkryj je teraz