My Sweet Revenge
ညနေစာစားရန် Yoongi နှင့် Hoseokတို့နှစ်ဦးသား မီးဖိုခန်းထဲတွင် ပြင်ဆင်နေကြရင်း အိမ်ငှားချင်သည့်အကြောင်းကို သူစကားစမိတော့ Hoseokက ကြိုတွေးထားသည့်အတိုင်းပင် ခါးခါးသီးသီးကို တားမြစ်သည်။
"မပြောင်းဘဲ ဒီမှာပဲနေလေကွာ....မဖြစ်မနေ ပြောင်းမှဖြစ်မှာလား?"
"မဖြစ်မနေတော့လည်း မဟုတ်ပါဘူးကွာ"
"အဲ့ဒါဆိုလည်း မပြောင်းပါနဲ့လားကွာ...ငါ စိတ်မချဘူး မင်းတို့နှစ်ယောက်တည်း...နောက်ပြီး...ဟိုအကောင့်အန္တရာယ်ကလဲရှိသေးတယ်...တစ်ခုခုဆို...."
"ငါသိပါတယ်....ဒါပေမယ့်....ဒီမှာနေဖို့ကျပြန်တော့လည်း..မင်း မလွတ်လပ်မှာစိုးလို့..သားကလဲရှိနေတော့ "
"ဘာမှမလွတ်လပ်စရာအကြောင်းမရှိဘူး...ပြီးတော့ Austinကြောင့်ဆိုတာတော့ တွေးမနေနဲ့ ..ငါ အဖော်တောင်ရသေးတယ်...နောက်ပြီး ငါ့အလုပ်အခြေအနေအရလည်း..အိမ်အမြဲကပ်နေရတာမှမဟုတ်တာ....သက်သက်အပိုကုန်အောင်ကွာ...အဲ့ဒီ့အစား ကားဝယ်လိုက် အဲ့ဒါက မင်းအတွက် ပို လိုအပ်မှာ "
"ကားကတော့ ဝယ်ဖို့အစီအစဥ်ရှိပေမယ့် အခုလောလောဆယ် ဝယ်လို့မဖြစ်သေးဘူး ..လမ်းတွေအကြောင်း နည်းနည်းသိသွားပြီဆိုရင်တော့..Jungkookပို့ပေးလိမ့်မယ် "
"အေးပေါ့လေ...ဒိတ်ဒိတ်ကြဲကို ဘဲတော်ထားရတော့လည်း...ဒီလောက်ကတော့ အသေးအမွှားပေါ့"
"အဲ့လိုမပြောပါနဲ့ကွာ...Hoseokရာ...ငါက လိပ်ပြာမလုံဖြစ်နေတာကွ....သူ့အပေါ်မှာ မတရားသလိုခံစားနေရလို့ ။ မင်းသိတဲ့အတိုင်းပဲ သူက တကယ့်ကို သူဌေးဆိုမှသူဌေးလေ..နောက်ပြီး မိဘတိုင်းလိုချင်တဲ့ သားမက်မျိုး...ငါက..ဒီအတိုင်း..ကလေးအဖေတစ်ခုလပ်မလား??ကလေးတောင်မှ တစ်ယောက်မဟုတ်ဘူး နှစ်ယောက်တောင်...တကယ်တော့ ငါတို့က အဆင့်ချင်း အဝေးကြီးမှာပါ "

KAMU SEDANG MEMBACA
My Sweet Revenge
Fiksi Penggemar"ယောက်ျားလေးတစ်ယောက် Omegaဖြစ်တာ ရှက်စရာမဟုတ်ဘူးလို့ ခံယူထားပေမယ့် ခင်ဗျားအတွက် ကျွန်တော့်ဖြစ်တည်မှုကို ဘဝမှာ ပထမဆုံးမုန်းတီးမိခြင်းပဲ" Min Yoongi "နေရာမရှိပါဘူးလို့ပြောထားရက်နဲ့ ဇွတ်တိုးဝင်တာတော့ မင်းအပိုင...