"Park jimin နင်လုပ်ပုံတွေမဟုတ်သေးဘူးနော်"
"ကျွန်တော်ဘာလုပ်နေလို့လဲ"
"ဟန်နီးမွန်းသွားတာသတိုးသားကိုထားခဲ့ရလားဟဲ့"
"ဘယ်သူကရောသွားချင်လို့သွားတာလဲ
မေမေတို့အတင်းလွှတ်လို့သွားရတာလေကျွန်တော့်
ဆန္ဒမှမပါတာ"ဧည့်ခန်းထဲတွင်ကနုတ်တွေပါပြီးအသားရောင်ဘက်သန်းကာclassicဆန်သော ဆိုဖာသုံးခုံအားခင်းကျင်းထားသည်။
အလယ်တွင်ပြောင်ချောနေသောကျွန်းသစ်သားစားပွဲပေါ်၌
ပန်းအိုးလေးထဲတွင်lily ပန်းများကိုထိုးစိုက်ထားလေသည်။ဆိုဖာခုံသုံးခုံ၏အလယ်တွင်jiminအမေနဲ့သူ့အကိုဖြစ်သူတို့ထိုင်နေကြပြီးဘေးတစ်ခုံတွင်jiminနှင့်သူ့အဖေတို့ထိုင်နေကြသည်။
မေမေဟာကျွန်တော်နှင့်ယှဉ်လျှင် ကိုကို့အားအချစ်ပိုသည်၊
ကျွန်တော်မွေးပြီးမှစီးပွားပျက်ခဲ့ရသည်မို့ကျွန်တော့်သိပ်မခင်တွယ်ပါ။ ဖေဖေကတော့ကျွန်တော့ဆိုသိပ်ချစ်ပါတယ်။ဒါပေမယ့်ဖေဖေကရိုးအလွန်သည်။အိမ်ရဲ့တာဝန်အကုန်လုံးကိုမေမေကသာဦးစီးဦးဆောင်ပြုသည်။ ကျွန်တော့်မိသားစုခုလိုနေနိုင်နေတာကတော့
ကျွန်တော့်ယောကျာ်းဆိုသူကြောင့်ပင်။
တကယ်တော့ကျွန်တော်ဟာ မုဆိုးတစ်ယောက် ကျားကိုလိုချင်လို့ ထိုးကျွေးပြီးမျှားခေါ်ခံလိုက်ရတဲ့ယုန်သူငယ်သာသာပါဘဲ
ကျွန်တော်ဘာဖြစ်ချင်လဲဘယ်သူမှမမေးခဲ့ကြပါ။
ကျွန်တော်ဟာအိမ်မှာတော့အပိုလူသက်သက်ပါပဲ။ခုလည်းသူ့ရဲ့ရွှေသမက်အားထားပစ်ခဲ့၍ဆူပူနေခြင်း။
အမှန်တကယ်သမက်ကိုချစ်၍လို့တော့မဟုတ်သမက်၏ငွေအားပိုချစ်လို့ပင်ဖြစ်သည်။"Park jiminနင်ငါ့ကိုအာမခံနဲ့
အဲ့တာကြောင့်ကျွန်မပြောတာသူ့ကိုမှီခိုအားကိုးလို့မရပါဘူးဆို
သူ့ကို့မှီပြီးစားရတာထမင်းနင်တယ်....""မေမေ!!"
သားအမိနှစ်ယောက်ရဲ့အခြေနေကြားထဲတွင် Parkဥက္ကဋ္ဌ
ဝင်မပါလို့မရတော့ပေ။ကိုယ့်မိန်းမဘက်ပါလို့ပြောတာမဟုတ်
သားဒီလိုလုပ်ခဲ့တကယ်တော့မဖြစ်သင့်ဘူးမလား။
အခုကလက်ထပ်ပြီးကြတဲ့လူတွေလေ ဒီလိုထက်ရာစိုင်းနေရင်သားလေးဘဲနစ်နာရမှာကိုစိုးရိမ်မိသည်။ သားမက်ကလည်းအဆိုးကြီးပဲမဟုတ်ပါဘူး။သားကိုအတော်လေးချစ်ရှာပါတယ်ဒါကြောင့်မို့လဲလက်ခံပေးစားခဲ့တာပေါ့။သားငယ်ကသူ့မေမေပေါ်မကျေနပ်ချက်နဲ့သူ့ယောကျာ်းပေါ်
ဒေါသပုံချနေခြင်းပင်။
![](https://img.wattpad.com/cover/294730540-288-k42516.jpg)
DU LIEST GERADE
So This is LOVE💛💐{Completed}
Fanfictionနှင်းဆီပန်းဖြူဖြူလေး ပန်ပေးလှည့်ပါကိုကို....💐💛 အချစ်မျဉ်းပြိုင်တွေထဲ ဘယ်သူ့အချစ်ကအနိုင်ရမလဲ?🖤