ကြမ်းပြင်မှာပြန့်ကြဲနေတဲ့အဝတ်အစားတွေနဲ့ကုတင်ပေါ်မှာ မှောက်အိပ်နေတဲ့ထယ်ယောင်း။ထိုအခန်းထဲတွင်ထယ်ယောင်းတစ်ယောက်တည်းသာရှိသည်။ကုတင်ခေါင်းရင်းက စားပွဲပေါ်မှာရှိတဲ့ဖုန်းringtoneသံကျယ်လောင်စွာထွက်ပေါ်လာတဲ့အခါထယ်ယောင်းတစ်ယောက်နိုးလာခဲ့တော့သည်။
Contact numberကိုကြည့်လိုက်သည့်အခါဟျောင်းဆိုသောနာမ်စားကြောင့်လျင်မြန်စွာကောက်ကိုင်လိုက်သည်။
"ဟဲလို ဟျောင်း"
"အင်း မောင် ဘယ်မှာလဲ"
ဂျီမင်ရဲ့အမေးကြောင့်ထယ်ယောင်းပတ်ဝန်းကျင်ကိုအကဲခတ်ကြည့်လိုက်ရသည်။သူညက ကိစ္စတွေကိုဘာမှမမှတ်မိတော့ပါ။ညကသူမူးနေခဲ့ပြီးဂျိတ်ခ်က အခန်းထဲထိလိုက်ပို့တာကိုပဲမှတ်မိတော့သည်။အခန်းထဲကိုတစ်ချက်ဝေ့ဝဲကြည့်လိုက်ရင်းထယ်ယောင်း မသိမသာသက်ပြင်းတိုးတိုးလေးချလိုက်သည်။
"အိမ်မှာ ဟျောင်းဘာလို့လဲဟင်"
ဟိုတယ်မှာလို့ပြောရင်စကားတွေပိုရှည်သွားနိုင်တာမို့ထယ်ယောင်းလိမ်လိုက်ရသည်။
"ဟျောင်းတို့တွေ့လို့ရလား"
ထယ်ယောင်းရင်ထဲ တစ်မျိုးတစ်မည်ခံစားသွားရ၏။ ဟျောင်းကအရင်တွေ့ခွင့်တောင်းလာသည်မို့ နည်းနည်းထူးဆန်းသလိုခံစားရတာတော့အမှန်ပင်။
ဂျီမင်နဲ့ဖုန်းပြောပြီးသည့်နောက်ထယ်ယောင်းကိုယ်လက်သန့်စင်ရန်ရေချိူးခန်းထဲဝင်ခဲ့လိုက်တော့၏။
.........
"အီးဟီး ယူရီ ဘယ်လိုလုပ်ရမလဲ မမဂရေစ့်
ကိုကိုသာ သိရင် သတ်မှာ"ဟိုတယ်အခန်းထဲမှာငိုယိုနေတဲ့ယူရီရဲ့ဘေးတွင် ဂရေစ့်တစ်ယောက်ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ဖြစ်နေ၏။
ပစ်လိုက်တဲ့ငှက်က စာကလေး။မှန်သွားတဲ့ငှက်က ကျီးကန်းလိုဖြစ်နေပြီ။သေချာပေါက်ကင်ထယ်ယောင်းရဲ့အခန်းထဲထည့်ေပးလိုက်တာကို ဘယ်လိုလုပ်တခြားအကောင်အခန်းထဲရောက်သွားပြီး တလွဲတွေဖြစ်သွားလည်း မသိတော့ပါ။အခုတော့အကြံစည်တွေလည်းအားလုံးပျက်သွားသည့်အပြင်ယူရီလည်း ဘဝပျက်သွားသည်။ သူ့ကြောင့်မို့လို့ သူ့ညီမ ဘဝပျက်သွားတာများသိရင် ဂျွန်တစ်ယောက်သူ့ကို ခွင့်လွှတ်မှာမဟုတ်ဘူး။
![](https://img.wattpad.com/cover/294730540-288-k42516.jpg)
YOU ARE READING
So This is LOVE💛💐{Completed}
Fanfictionနှင်းဆီပန်းဖြူဖြူလေး ပန်ပေးလှည့်ပါကိုကို....💐💛 အချစ်မျဉ်းပြိုင်တွေထဲ ဘယ်သူ့အချစ်ကအနိုင်ရမလဲ?🖤