Extra

3.3K 180 3
                                    

"အားး နာတယ် နာတယ် ဟင့်"

"ကိုကို!!!!!!"

"ခဏလေး ခဏလေးပဲသည်းခံပါကလေးရယ် ပြီး ...ပြီးတော့မှာပါ"

"ဘာ!!!ခင်များခံကြည့်လေ အရမ်းနာနေပြီသိလား"

ဂျောင်ဂုကလေးကိုဘယ်လိုချော့ရမလဲတောင်မသိတော့ သူတစ်ကိုယ်လုံး လည်းဇောချွေးတွေကိုပြန်လို့။

"အဲ့ဒါခင်များ ကြောင့် ဂျွန်ဂျောင်ဂု အား!!"

"အ့ အ့ စိတ်ကိုလျော့ကလေး စိတ်ကိုလျော့"

ကုတင်ပေါ်ကနေ သူ့ဆံပင်ကိုလှမ်းဆွဲထားတာကြောင့်ဂျောင်ဂုမှာဇက်ကြီးတစ်ခုလုံးထုံကျင်နေပြီ။သို့သော်လည်းကလေးကသူ့ထက်ဆာရင်အရမ်းနာကျင်နေရတယ်မလား အဲ့ဒါကြောင့် ကလေးသက်သာစေဖို့ လိုက်လျောပေးရသည်။ လက်သေးသေးလေးတွေဖြင့် ဆွဲဆုပ်ထားသောသူ့ဆံပင်တွေသည် ကလေးလက်ထဲ အစုလိုက်အပြုံလိုက်ပင်။

သူ့အတွက် ဒီကိုယ်ဝန်ကို ကိုးလကြီးများတောင်လွယ်ထားပေးရတာလေ။ပြီးတော့လည်း မိန်းကလေးတစ်ယောက်မဟုတ်သည့်ကလေးအနေနဲ့ ဘယ်လောက်ခက်ခဲနေခဲ့မလဲဆိုတာ သူတွေးကြည့်ရုံနဲ့ နားလည်ပေးနိုင်ပါသည်။

ဆရာဝန်က မွေးဖို့တစ်ပတ်လောက်လိုသေးတယ်လို့ပြောပေမယ့် ဒီနေ့ပဲရုတ်တရက်ကြီးကလေးက ဗိုက်နာလာတာမို့ ဆေးရုံကိုအမြန်ခေါ်ခဲ့ရသည်။လူနာ ကုတင်ပေါ်မှာ ရှုံ့မဲ့ကာအော်ဟစ်နေတဲ့ကလေးကို ကြည့်ပြီး ဂျောင်ကုကလေးအစားသူပဲ ဗိုက်နာပေးချင်စိတ်ဝင်မိသည်။

"လူနာကို ခွဲစိတ်ခန်းထဲ သွင်းလို့ရပါပြီ"

သူနာပြုမလေး ပြောပြီးနောက် ဂျောင်ဂုနှင့်အတူ သူနာမပြုမတစ်ချို့ကဂျီမင့်ရဲ့လူနာကုတင်ကို ခွဲစိတ်ခန်းသို့ ပို့ကြသည်။

" လူနာရှင်က နေခဲ့ပါရှင့်"

"ကျွန်တော်လိုက်လို့မရဘူးလား"

"မရပါဘူးရှင် အပြင်မှာ စောင့်ပေးပါနော်"

ဂျောင်ကုလည်းဆက်ခေါင်းမာတော့ပဲ အပြင်မှာ စောင့်နေပေးဖို့ခေါင်းပဲငြိမ့်ပြလိုက်တော့သည်။

"ကိုကို.."

"အင်း ကိုကိုရှိတယ်"

သူ့ကိုမျက်ရည်စလေးတွေနဲ့ကြည့်လာတဲ့ ကလေးကိုဂျောင်ဂု ပြုံးပြလိုက်ကာ ကလေးပါးပြင်က မျက်ရည်စလေးတွေကို ညင်ညင်သာသာလေး သုတ်ပေးလိုက်သည် ။လက်ကလေးကိုဖွဖွလေးဆုပ်ကိုင်လိုက်ကာ

So This is LOVE💛💐{Completed}Место, где живут истории. Откройте их для себя