Part-11

3.3K 270 6
                                    

အနီရောင်ပြိုင်ကားတစ်စီးသည်ဆိုလ်းနှင့် ဂျယ်ဂျူးကျွန်းရဲ့
ဆယ်သွယ်ရာပြေးလမ်းပေါ်တွင်တရွေ့ရွေ့မောင်းနှင်နေသည်။

ရွှေဝါရောင်လေးထောင်ပုံစံရှိသည်sunglassခပ်ကြီးကိုတပ်ထားသောJeonသည် မိမိုက်နေသည်။
မိုးပြာရောင်shirtကိုကြယ်သီးနှစ်လုံးဖွင့်ဟထား
တာကြောင့်ရင်အုပ်ဖြူဖြူမှာအတိုင်းသားမြင်နေရပြီး
အနက်ရောင်ခပ်တိုတိုဆံပင်တွေကိုအသေအချာဖီးလိမ်းကာနောက်သို့ လှန်တင်ထားသောကြောင့်မျက်နှာသည်
ရှင်းသန့်ကာပိုကြည့်ကောင်းနေ၏။

ကားမောင်းရင်းဖြင့်ဘေးက ခ်စ္သက္ကေလးအား
စောင်းကြည့်လိုက်ပြီး ပါးချိုင့်ရေးရေးများပေါ်သည်ထိပြုံး
လိုက်သည်။ အိပ်နေတာလေးကကိုကချစ်ဖို့ကောင်းနေတာ

ကလေးပေါက်လေးသည်လမ်းတစ်လမ်းလုံးပင်ပန်းတယ်ဆိုပြီးအိပ်လိုက်လာတာဖြစ်သည်။
တစ်ယောက်တည်းကားမောင်းရတာပျင်းပေမယ့်လည်း
ကလေးပေါက်လေးအိပ်ရေးပျက်ခံလို့တောင်မဖြစ်ဘူးမလား။
ဒီခရီးကသူနဲ့ကိုယ်နဲ့နီးစပ်ဖို့အခွင့်အရေးပဲ
Jungkookမှာသေချာအစီစဉ်တကျဆွဲပြီး.
ခေါ်လာရတာဖြစ်သည်။

ဂျယ်ဂျူးကျွန်းအဝင်နားရောက်တဲ့အခါ
ကားပြတငး်ပေါက်မှတစ်ဆင့် တောင်ကိုပတ်လယ်ဝိုင်းထားသောပင်လယ်ပြာပြာ
အားတွေ့လိုက်ရသည်။

jungkookတစ်ချက်ပြုံးပြီး လက်ချောင်းရှည်များဖြင့်ကားထဲကခလုပ်တစ်ခုကိုနှိပ်လိုက်သည်။

"ကျီ"

ပြိုင်ကားအနီလေး၏အမိုးသည်ဖြည်းဖြည်းချင်းပွင့်လာ၏။

jiminအိပ်နေစဉ် ချမ်းစိမ့်စိမ့်ခံစားချက်ကိုရလာတာကြောင့်မျက်လုံးများကိုအားယူဖွင့်ကြည့်လိုက်သည်။
အိပ်ချင်နေသောမျက်လုံးအားလက်သေးသေးကလေးများဖြင့်
ပွတ်သပ်ကာကြည့်လိုက်တော့ ရေလှိုင်းများတဟုန်းဟုန်း
ထနေသောပင်လယ်ပြာပြာအားတွေ့လိုက်ရကာ
နှုတ်ခမ်းဖူးတွေသည် တစ်ပြိုင်နက်တည်းကော့ညွှတ်သွား၏။

"ပင်လယ်ပဲ"

ပင်လယ်တွေ့သွားလို့ပျော်နေတဲ့ကောင်လေးသည်
သူ့ကိုကြည့်ကာ ရယ်ပြနေပုံကပင်လယ်ကို သူ
ဘယ်လောက်သဘောကျကြောင်းဖော်ပြနေသည်။

So This is LOVE💛💐{Completed}Donde viven las historias. Descúbrelo ahora