ဒီဇာတ်လမ်းရဲ့ ဇာတ်ဆောင်ဟာကိုယ်လို့ထင်နေခဲ့တာ
နောက်ဆုံးပိုင်းရောက်မှဇာတ်ပို့မှန်းသိလိုက်ရတာမျိုး
ဒီလူဟာငါ့အပိုင်ဆိုပြီး ကြွေးကြော်ခဲ့သမျှ
ကိုယ်မသိလိုက်ဘဲသူများအပိုင်ဖြစ်သွားတာမျိုး။
ကိုယ့်ကိုယ်ကိုယ်ပထမလူပါဆိုပြီးဂုဏ်ဆာခဲ့သမျှ
တကယ်တမ်းကျကိုယ်ကဒုတိယလူမှန်းသိလိုက်တဲ့အချိန်
နှလုံးသားတစ်နေရာတစ်ဆစ်ဆစ်နဲ့နာကျင်ရသည်။
ကိုယ်ဟာ ရာမဖြစ်ခဲ့ပေမယ့် ရာမလိုတော့မယ်သီတာကို
မပိုင်ဆိုင်နိုင်ခဲ့ဘူး ဘယ်လောက်နာကျင်စရာကောင်းလိုက်လဲ
ဇာတ်ဆောင်တွေဘဲမကြည့်စမ်းပါနဲ့
ဒီကဇာတ်ပို့ကောင်လဲအသည်းနဲ့ဗျအသည်းနဲ့....
ခွဲခြားခွဲခြားတွေမလုပ်ပါနဲ့ဗျာ............
"Kim Taehyung မင်းကဘယ်လိုလုပ်ပြီး
ငါ့ကုမ္မဏီရောက်လာတာလဲ""ခင်များနဲ့စာချုပ်ချုပ်ထားတဲ့
ဂျပန်က ကိုယ်စားလှယ်က ကျွန်တော် ပဲ""ဘာ!!!"
"ဒါမင်းတမင်သက်သက်အကွက်ချထားတာမလား"
"ခင်များဘယ်လိုထင်လို့လဲ စွပ်စွပ်စွဲစွဲတွေမလုပ်စမ်းပါနဲ့"
ဟုဆိုကာရုံးခန်းရှိဆိုဖာပေါ်တွေထိုင်ကာခြေထောက်များကို
မာန်ပါပါချိတ်ထားလိုက်သည်။Jeon jungkookသည် သူ့စကားနှင့်သူ
တစ်ကွက်ပြခံလိုက်ရသည်။မည်သူမျှခွင့်တောင်းခြင်းမရှိပါဘဲဆိုဖာပေါ်တွင်ကျကျနနထိုင်ကာ ရုံးခန်းပိုင်ရှင်အား မေးတစ်ချက်ငေါ့ပြကာ
"ထိုင်လေဗျာ မော့ပြောနေရတာဇာတ်ညောင်းတယ်"
Jeonသည် အကြည့်တစ်ချက်ခဲလိုက်ကာဆိုဖာမှာဝင်ထိုင်လိုက်ပြီး
"ငါမင်းနဲ့အတူအလုပ်မလုပ်နိုင်ဘူး
ငါ့ဘက်ကစပြီးစာချုပ်ဖျက်သိမ်းတယ်""ခင်များသဘောပဲကျွန်တော်တို့ဘက်က
နစ်နာစရာမရှိဘူးနော် စဉ်းစားအုံး "အတွင်းရေးမှူး joonသည်လည်းjeonတို့နှင့်အတူ
ထိုင်နေတာမို့ Jeon သည်အတွင်းရေးမှူးJoonအား
တစ်ချက်ကြည့်လိုက်တော့"ဟုတ်ပါတာ်ဥက္ကဋ္ဌJeon စာချုပ်ဖျက်လိုက်ရင်
လျော်ကြေးကလည်းများသလိုဒီသတင်းသာ
ပေါက်ကြား သွားရင်ရှယ်ယာဈေးတွေလည်း
ကျသွားနိုင်ပါတယ်"
ESTÁS LEYENDO
So This is LOVE💛💐{Completed}
Fanficနှင်းဆီပန်းဖြူဖြူလေး ပန်ပေးလှည့်ပါကိုကို....💐💛 အချစ်မျဉ်းပြိုင်တွေထဲ ဘယ်သူ့အချစ်ကအနိုင်ရမလဲ?🖤