ကိုကိုနဲ့တူတူများစွာသောသတိရခြင်းတွေ၊လွမ်းဆွတ်ရတဲ့စိတ်ဒုက္ခတွေကျွန်တော်လည်းဒီအတောတွင်းထပ်တူခံစားခဲ့ရပါတယ်။ချစ်ရတဲ့သူကိုမျက်စိရှေ့မှာမြင်နေရက်နဲ့ မုန်းတီးစရာ စကားတွေပဲရွေးပြောပြီး ပွေ့ဖက်ခြင်းတောင်မပြုနိုင်တဲ့ကျွန်တော်က ကိုကို့ထက်ပိုခံစားရပါတယ်။ဒါပေမယ့်ဒါတွေအားလုံးက ကျွန်တော်တို့နှစ်ယောက်ရဲ့ရှေ့လျှောက်ကောင်းဖို့ဆိုတာ ကို တွေးပြီးကြိတ်မှိတ်သည်းခံခဲ့တယ်။ကုန်တိုက်က ရေမွှေးဆိုင်မှာကတည်းက ကျွန်တော်အားလုံးကိုပြန်မှတ်မိခဲ့ပြီ။ကျွန်တော်ဘာလို့အတိတ်မေ့သွားရလဲအတိတ်မေ့ရခြင်းအကြောင်းရင်းကလည်းဘာကြောင့်ဆိုတာကိုရောပေါ့။ ကိုကို့ကိုဖွင့်ပြောပြီး အတူတူပြန်နေလို့ရပေမယ့် ကျွန်တော်တို့နှစ်ယောက်ကိုခွဲတဲ့သူကဘယ်သူလဲဆိုတာကိုပေါ့။ ကျွန်တော့်ကိုသေအောင် ကားဘရိတ်ဖြတ်ခဲ့တဲ့သူကဘယ်သူလဲဆိုတာကျွန်တော်သိတယ်။ အဲ့ဒါကြောင့် တိတ်တဆိတ် စုံစမ်းဖို့လုပ်ခဲ့တယ်။ကိုကို့ကို မုန်းချင်ယောင်ဆောင်မှ အဲ့ဒီလူကိုဖော်ထုတ်လို့ရမှာမို့ ရန်သူရဲ့အငိုက်ကိုချောင်းဖမ်းတဲ့သဘောပဲပေါ့။
အစကထယ်ယောင်းကိုသံသယဝင်ခဲ့မိတယ်အဲ့ဒါကြောင့် ထယ်ယောင်းနားကို တမင်ချည်းကပ်ခဲ့တယ်။ပြီးတော့ ဂရေစ့်ကိုကျွန်တော် လူငှားပြီး စောင့်ကြည့်ခဲ့တယ်။ထယ်ယောင်းကိုကျွန်တော်သံသယဝင်ခဲ့တာမှားသွားခဲ့တယ်။တကယ်တော့ကိစဃစအားလုံးရဲ့သံယခံကဂရေစ်ပဲ။ ဒါကိုယူရီကအားလုံးပြောပြလို့သိပြီးပြီ။ အဲ့နေ့ကယူရီကျွန်တော်နဲ့လာတွေ့တုန်း ဂရေစ့်ဆိုတဲ့မိန်းမက ကားနဲ့တစ်နေရာမှာကျွန်တော်တို့ကိုစောင့်ကြည့်နေတာတွေ့လို့ ကျွန်တော်တို့နှစ်ယောက်ရှိုးလုပ်ခဲ့ကြတယ်။
တမင်သက်သက်ယူရီ့ ကိုကျွန်တော်နဲ့တွေ့ခဲ့တဲ့အကြောင်းပြန်ပြောခိုင်းပြီး ဂရေစ့်ဘက်က ပေါ့ပေါ့လျော့လျော့နေဖြစ်သွားအောင် လုပ်ခိုင်းခဲ့တာ။ နောက်ပြီးထယ်ယောင်းကိုပါဖွင့်ပြောပြီးအကူညီတောင်းတော့ ထယ်ယောင်းကပါ ကူညီပေးခဲ့တယ်။
အခုဂရေစ့် ကျွန်တော့်ကားဘရိတ်ကိုဖြတ်ခိုင်းလိုက်တဲ့လူကိုမိပြီးပြီ ။ရဲစခန်းမှာအဲ့လူအကုန်ဝန်ခံပြီးသွားပြီ ။ဂရေစ့်တစ်ယောက်အခုတကယ်ဇာတ်သိမ်းပြီ။ထယ်ယောင်းနဲ့လက်ထပ်တာလဲ ဂရေစ့်ကိုလှည့်စားဖို့အကြံဉာဏ်တစ်ခုပဲ။
YOU ARE READING
So This is LOVE💛💐{Completed}
Fanfictionနှင်းဆီပန်းဖြူဖြူလေး ပန်ပေးလှည့်ပါကိုကို....💐💛 အချစ်မျဉ်းပြိုင်တွေထဲ ဘယ်သူ့အချစ်ကအနိုင်ရမလဲ?🖤