မောင်တဲ့လား!
သတိရရခြင်းခေါ်ဆိုလိုက်တဲ့နာမည်ကမောင်တဲ့လားကလေးရယ်။ကိုယ့်ကိုယ်သက်သက်ရူးအောင်။ ဂျောင်ဂုလုံးဝမယုံကြည်နိုင်ဖြစ်သွားသည်။ ကလေးကသူ့ကိုစိမ်းသက်စွာကြည့်ခြင်းကိုလည်းဘယ်လိုမှမခံစားနိုင်ပါ။
ဒီကောင့်ကိုမချစ်တော့တာထက်စာရင် အသေသတ်လိုက်တာမှခံသာလိုက်အုံးမည်။
အခုလိုနောက်ပြောင်မှုမျိုးကိုတော့ဂျောင်ဂုလက်မခံနိုင်ပါ။"ကလေး ကိုကို့ကိုကြည့်ပါအုံး!..ဒီလိုတော့အပြစ်မပေးပါနဲ့ကွာကိုကိုမခံစားနိုင်တာမင်းသိရက်သားနဲ့"
"ဘာတွေလာပြောနေတာလဲ မောင်ငါ့ဆီလာပါအုံး သူ့ကိုနှင်ထုတ်ပေးပါ ငါသူ့ကိုသဘောမကျဘူး...အာ့..!!"
ဂျီမင်သည်ခေါင်းတွေမူးနှောက်လာကာ လက်နှစ်ဖက်ဖြင့် ခေါင်းကဆံပင်တွေကိုအတင်းဆုပ်ကိုင်လိုက်သည်။ ပုံရိပ်တွေကပေါ်လာလိုက်ပေါက်သွားလိုက်ဖြစ်ကာရင်ဘတ်တွေလည်းနာကျင်လာသည်။သူ့စိတ်ထဲတစ်စုံတစ်ယောက်ကိုမေ့နေသလိုမျိုးခံစားလာရပြီးစိတ်တွေရှုပ်ထွေးလာတာမလို့အော်ချလိုက်သည်။
"အားး...!!!!"
ဘေးနားကရေထည့်ထားတဲ့ဖန်ခွက်နဲ့ဂျောင်ဂုကိုပစ်ပေါက်လိုက်သည်။ဂျောင်ဂုရဲ့နဖူးကိုမှန်သွား၍သွေးများစွာလည်းကျဆင်းလာသည်။
သို့သော်ဂျောင်ဂုမှာသူနာကျင်မှုကိုတောင်သတိမရတော့ပဲ အိပ်ရာပေါ်မှာလူးလိမ့်နေတဲ့ဂျီမင်ကိုယ်လေးကိုအတင်းသိမ်းဖက်ထားသည်။ဂျောင်ဂုကြည့်ရတာအရူးတစ်ယောက်နဲ့ပင်တူနေသည်။"ကလေး!!"
"ဖယ်! ထွက်သွား !လူယုတ်မာ
ခင်များကျွန်တော့်ကိုမထိနဲ့ရွံ့တယ်
ခင်များ ...ခင်များ..ကျွန်တော့်ကိုဖျက်ဆီးခဲ့တာ"ဂျီမင်စကားတွေကြောင့်ဂျောင်ဂုမျက်လုံးများပြူးကျယ်သွားရသည်။
"မဟုတ်ဘူး ကလေးမဟုတ်ဘူးကိုကိုပြောပြမယ်.."
ဒေါက်တာဂျင်နဲ့နမ်ဂျွန်းမှာ ဂျီမင့်ကိုဖက်ထားတဲ့ဂျောင်ကုကိုအတင်းဆွဲဖယ်ကာတားရတော့သည်။ဂျီမင့်ဘာမှမမှတ်မိနေတဲ့အချိန်မှာ အတင်းမလုပ်တာအကောင်းဆုံးပင်။မဟုတ်ရင်ပိုရှုပ်ထွေးသွားလိမ့်မယ်။
VOUS LISEZ
So This is LOVE💛💐{Completed}
Fanfictionနှင်းဆီပန်းဖြူဖြူလေး ပန်ပေးလှည့်ပါကိုကို....💐💛 အချစ်မျဉ်းပြိုင်တွေထဲ ဘယ်သူ့အချစ်ကအနိုင်ရမလဲ?🖤