"ကလေးရာ မပြီးသေးဘူးလားကွာ"
သားသားနဲ့မီးမီးကို အကုန်ပြင်ဆင်ပေးပြီးပေမယ့် ကလေးတွေရဲ့ပါးပါးကတော့အခုထိအလှပြင်လို့မပြီးနိုင် ။ကလေးလေးတွေမွေးပြီးကာမှ ပိုပြီးလှ လာသောပါးပါးကိုကြည့်ပြီးဂျောင်ဂုမှာအသည်းတယားယားဖြစ်နေမိသည်။ ပိုပြီးလည်းပြည့်ပြည့်ဖောင်းေဖာင်းဖြစ်လာသလို၊အသားရည်ကလည်းပိုပြီး ဖြူဖွေးလာသည်။ နှင်းလုံးလေးလိုပဲ တကယ်ဖွေးဖွေးလုံးလုံးလေး။
ကလေးခန္ဓာကိုယ်မှာ သူအကြိုက်ဆုံးဖြစ်တဲ့ မက်မွန်လုံးကလည်း တစ်နေ့တစ် ခြားပိုကိတ်လာသည်။ဒါတွေကသူ့ကောင်းမှုကြောင့်ဆို မမှားပေ။
သားသားနဲ့မီးမီးက ခုမှတစ်နှစ်ကျော်လေးတွေရှိသေးတာမို့ လမ်းမလျှောက်တတ်သေး။
"ပြီးပါပြီကိုကိုရဲ့ ဘာတွေလော"
ကိုကိုက ဒီအတောတွင်းပိုပြီးရင့်ကျက်လာသလို ပိုပြီးလည်းခန့်လာသည်။ ဆံပင်တွေအကုန်လုံးကိုနဖူးပြောင်သပ်တင်ထားကာ
အနက်ရောင်suitအပေါ်မှ ကုတ်အနက်ရောင်ကို ထပ်ဝတ်ထားသည်။သူအလှပြင်နေတဲ့မှန်တင်ခုံနားမှာ ကလေးနှစ်ယောက် ကိုတစ်ယောက်တစ်ဖက်စီးပွေပြီး ပွစိပွစိ ပြောနေတဲ့ ကိုကို့ ကို ခြေဖျားလေးထောက်ကာ ပါးတစ်ဖက်ကိုနမ်းလိုက်သည်။
ထိုမှ ဆူပုတ်နေတဲ့ကိုကို့မျက်နှာက ပြုံးသွားတော့သည်။
ဂျီမင် ကိုကို တစ်ကိုယ်လုံးကိုအကဲဖြတ်သလိုကြည့်လိုက်ပြီး သက်ပြင်းချကာ
"ကိုကို့ပုံက ဘာကြီးလဲကွာ ခရစ်စမတ်မှာလျှောက်လည်မှာ နော် အလုပ်ခရီးသွားမှာမဟုတ်ဘူး"
"ဟော ကိုကို့ပုံကဘာဖြစ်နေလို့လဲ"
"ဒီလိုနေ့မျိုးမှာ လန်းလန်းဆန်းဆန်းဖြစ်နေရမှာလေ ...ခဏလေး"
ကိုကိုက သူမရွေးပေးရင်အမြဲအနက်တွေချည့်ပဲဝတ်မှာသိတာကြောင့် ကိုကိုအတွက်သူနဲ့အရောင်တူ ဆောင်းတွင်းဝတ်အနွေးထည်တွေအား ကြိုတင်ဝတ်ထားတာမှန်သွားသည်။
ဂျီမင် အဝတ်ဗီရိုထဲမှာ သူဝတ်ထားတဲ့အနွေးထည်ကိုထုတ်လိုက်ကာ
BINABASA MO ANG
So This is LOVE💛💐{Completed}
Fanfictionနှင်းဆီပန်းဖြူဖြူလေး ပန်ပေးလှည့်ပါကိုကို....💐💛 အချစ်မျဉ်းပြိုင်တွေထဲ ဘယ်သူ့အချစ်ကအနိုင်ရမလဲ?🖤