ကုမ္မဏီကနေပြန်လာပြီးအိမ်ဝန်းထဲကားဝင်လာတော့
ကားထဲကဥက္ကဋ္ဌJeonသည် မျက်မှောင်များကြုံ့ထားလျက်။
Driverသည်ကားတံခါးကိုဖွင့်ပေးလာသောကြောင့်
ုအသာလေးဆင်းလာခဲ့ပြီး ခြံဝန်းထဲကဆူညံဆူညံအသံတွေ
ကြားတာကြောင့် မျက်ခုံးနှစ်ခုကို တွန့်ချိုးကာလက်ညိုးဖြင့်
ထောက်လျက် စုပ်တစ်လျက်သပ်လိုက်ကာ"ကျစ် ဆူညံနေတာပဲ
ဘာတွေဖြစ်နေကြတာလဲ"ဥက္ကဋ္ဌ Jeonကိုတွေ့တာနဲ့အိမ်တော်ထိန်းကြီးသည်အပြေး
လေးလာကြိုသည်။"ဟို သခင်လေး အဲ့ဒါက"
သူ့ကိုကြည့်ပြီးပြောမလိုမပြောမလိုနဲ့ အထစ်ထစ်အအဖြစ်နေသောအိမ်တော်ထိန်းကြီးအား
စိတ်မရှည်တာကြောင့် သူကိုယ်တိုင်ဘဲခြံဝင်းထဲဆင်းကာလာ
ကြည့်လိုက်သည်။ အကုန်လုံးအလုပ်ဖြုတ်ပစ်မယ်။"ဟင် ကလေး "
တီရှပ်အဖြူဖြူခပ်ပွပွကို ဘောင်းဘီတိုအမဲနဲ့ တွဲဝတ်ကာ
ခြံထဲအလုပ်သမားများ၏ကလေးများဖြင့်ဘောလုံးကန်နေလေသည်။ ဆံပင်လေးကိုနောက်ကနေအနည်းငယ်ယူစီးထားတာကြောင့်
ခေါင်းလုံးလုံးလေးနှင့်ပိုချစ်ဖို့ကောင်းနေလေသည်။ဘောင်းဘီတိုလေးဝတ်ထားတာကြောင့် ပေါင်တံဖြူဖြူလေးမှာ အထင်းသားမြင်နေရသည်။
ဖိနပ်မစီးထားတာကြောင့်ခြေဖဝါးနုနုဥဥကလေးမှာမြက်ခင်းစိမ်းကလေးပေါ်မှာအထင်းသား။
ပတ်ဂျီမင်းကွာ သိပ်ဆိုးတယ် ကိုကိုမကြိုက်မှန်းသိရဲ့နဲ့။ဘောလုံးပွဲကိုငမ်းနေရင်း ခြံထောင့်တစ်နေရာကနေ
ခါးထောက်လျက်မိမိတို့ကိုစိုက်နေသည်မို့အိမ်ဖော်ကောင်မလေးများသည်ချက်ချင်းခေါင်းကိုငုံ့ပစ်လိုက်ရသည်။jungkookခြေလှမ်းကျဲကြီးများဖြင့် ဘောလုံးပွဲရှိရာဆီ
လျှောက်လာလိုက်ပြီ အိမ်ဖော်ကောင်မလေးတွေရှေ့
ခါးထောက်ရပ်ကာ မျက်လုံးစူးစူးများဖြင့်တစ်ချက်ကြည့်ပြီး"ပြီးကျမှနင်တို့မျက်လုံးတွေ အကုန်ဖောက်ထုတ်ပစ်မယ်"
ဘယ်သူကစိတ်တိုင်းကျကြည့်ခွင့်ပေးထားလို့လဲငါ့အပိုင်ကလေးကို။
![](https://img.wattpad.com/cover/294730540-288-k42516.jpg)
YOU ARE READING
So This is LOVE💛💐{Completed}
Fanfictionနှင်းဆီပန်းဖြူဖြူလေး ပန်ပေးလှည့်ပါကိုကို....💐💛 အချစ်မျဉ်းပြိုင်တွေထဲ ဘယ်သူ့အချစ်ကအနိုင်ရမလဲ?🖤